Part 💜 58 (U&Z)

12.1K 382 16
                                    

Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး အပိုင်း - ၅၈
(Unicode)

ဥဿာခလေးရဲ့ဆွေမျိုးတွေရှိသည့် ညောင်ပင်သာဆိုသည့်ရွာကိုလဲရောက်သွားခဲ့သေးသည်။ အခြေနေမထူးစွာ အဆက်သွယ်ပြတ်သွားတာကြာပြီး မရောက်လာကြဘူးတဲ့ဗျာ။

"ဇေလင်းဘာထူးသေးလဲ"

"မထူးဘူးခမ်းထည် ငါတို့ဘာအစအနမှကိုမရသေးတာ"

"ဘယ်မှာလဲကွာ ခလေးဘယ်ရောက်နေတာလဲ"

ဘယ်ကိုများသွားပုန်းနေတာလဲခလေးရယ်။

"တစ်ခြားမြို့တွေက Hotel တွေကိုခလေးပုံပြပြီး ဝန်ထမ်းအကုန်လွှတ်ပြီးရှာခိုင်းလိုက်ဇေလင်း ငါနေပြည်တော်ထဲပဲရှာမယ် "

"ရတယ်လေ ငါစီစဉ်လိုက်မယ် အော်မေ့တော့မလို့ ရန်ကုန်ဘက်ကိုခေါင်လွင်ကစိတ်ချတဲ့ သူ့လူတွေလွှတ်ပြီးရှာနေပြီတဲ့ခမ်းထည်"

"အင်း"

ကိုယ့်အပူနှင့်မို့ ခေါင်လွင့်ဖခင်နာရေးကိစ္စမမေးမိပေမယ့် ခေါင်လွင့်ဘက်ကရှာပေးနေပြီဆိုတာနှင့် ကျေးဇူးတင်နေရပြီ။ ခေါင်လွင်ကလဲခေသူမဟုတ်သည်ကြောင့် ရန်ကုန်ဘက်ကိုရှာရန်ကို လက်လွှဲလိုက်တော့မည်။ ခလေးကဘယ်မှသွားဖူးတာမဟုတ်ဘူး ခလေးကဒီနေပြည်တော်ကြီးကိုပဲချစ်တာ ခလေးပုန်းရင်ဒီနေပြည်တော်ထဲမှာပဲ ပုန်းနေမှာ။ ဟုတ််တယ်ဥဿာရှာရမယ် ခလေးကိုမြေဆုံးထိကိုရှာမယ်။ ပြန်တွေ့မှဖြစ်မှာပါ ခလေးမရှိရင်ကိုယ်ရူးမှာမလို့ ပြန်တွေ့ခွင့်ပေးပါခလေးရယ်။

ခလေးရဲ့အိမ်ပတ်ဝန်းကျင်တွင်လဲ ဘာအရိပ်ယောင်မှမတွေ့။  သွားဖူးသည့်နေရာတွေကိုလဲအခေါက်ပေါင်းမနည်းအောင် ရောက်လို့လိုက်ရှာခဲ့သည်။ ခလေးကအပုန်းတော်လိုက်တာကွာ တစ်ပတ်လုံးလုံးတဂယ်အစအနကိုရှာမရခဲ့တာ။ ကိုယ့်ကိုတဂယ်ပဲပြန်မတွေ့ဘူးလို့ဆုံးဖြတ်ပြီး ထားပစ်ခဲ့တာလားကွာ။ ခလေးဘယ်သွားတတ်မှာလဲကွာ။

မအိပ်မစားနှင့်လူက ခလေးကိုပဲမြင်ယောင်နေမိသည်။ ဥဿာအခန်းထဲကုတင်ဘေးခုံလေးယူထိုင်၍ ခလေးအိပ်နေသည့်ပုံရိပ်လေးကိုမြင်ယောင်နေမိသည်။ ခလေးလေးအိပ်နေတာမလားဟင်။ ခလေးကနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်နေတာပဲ။ ဥဿာထိုအိပ်နေတဲ့ကောင်မလေးကိုကြည့်၍ မျက်ရည်တွေဖြိုင်ဖြိုင်ကျနေမိသည်။ မျက်လုံးလေးမှိတ်ချလိုက်သည့်အခါ ခလေးကပျောက်သွားခဲ့ပြီ။

Lighthouse Of Love (Completed)Where stories live. Discover now