"အား ရှီးဘားလ် လန့်လိုက်တာ"မျက်စိရှေ့မှာရုတ်တရက်ပေါ်လာသည့် သွေးချင်းချင်းနီနေသော မျက်နှာကြီးကြောင့် ဆောနူးတစ်ယောက် အရမ်းလန့်ပြီး စိတ်ထဲမှ အော်ဟစ်လိုက်မိသော်လည်း အပြင်ဘက်တွင်တော့ဘာမှမမြင်မကြားလိုက်သလိုမျိုး ကြိုးစားဟန်ဆောင်နေလိုက်ရသည်။
မကြာသေးမီအချိန်ကမှ ဒီအနီးနားတွင် ယာဥ်တိုက်မှုတစ်ခုဖြစ်ထားတာမို့ ထိုယာဥ်တိုက်မှုတွင် သေဆုံးသွားသူ၏ ဝိဉာဉ်ဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။
ထိုသူမှာ သူ့ကိုယ်သူသေဆုံးပြီးသားမှန်းသိပုံပင်မရသေးဘဲ လက်မှနာရီကိုကြည့်ကာ အလောတကြီးလမ်းဆက်လျှောက်သွားသည်။ သေမင်းက ဝိဉာဥ်လာကောက်သည့်အချိန်မှ သူ့ကိုယ်သူ သေဆုံးသွားမှန်းသိပြီး ဘဝကူးသွားမည်မို့ ကျွန်တော့်ဆီထပ်ရောက်လာနိုင်မည်မဟုတ်ချေ။
အိမ်လည်းသိပ်မဝေးတော့တာမို့ လမ်းဆက်လျှောက်လာရင်း နောက်ကခေါ်သံတစ်ခုကြားလိုက်ရသည်။
" ကျောင်းသားလေး နောက်မှာ keychain လေးပြုတ်ကျခဲ့တယ် "
ဆိုတဲ့အသံကြောင့် နောက်လှည့်ကြည့်လိုက်တော့ အမှန်တကယ်ပင် လွယ်အိတ်မှာချိတ်ထားသော Chibi မြေခွေးရုပ် keychainလေးပြုတ်ကျနေသည်ကိုတွေ့လိုက်ရသဖြင့် ကောက်ယူလိုက်စဥ်
" ငါပြောတဲ့စကားကိုကြားရတာလား ငါ့ကိုရောမြင်ရလား"
စိတ်ထဲမသင်္ကါတာနဲ့ အသံပိုင်ရှင်ကိုဖြည်းဖြည်းချင်းမော့ကြည့်လိုက်တော့ ဖိနပ်မပါတဲ့ခြေဖဝါးဖြူလျော်လျော်တွေကိုအရင်မြင်သည်။
ရေတစ်စက်စက်ကျပြီး တစ်ကိုယ်လုံးစိုရွဲနေတဲ့ထိုသူက အသားရေတို့မှာလည်း အေးစက်ဖြူလျော်နေပြီး အတန်ငယ်ပင် ဖောင်းကားနေသယောင်။
ရေနစ်သေဆုံးသွားသူတစ်ဦးပင်ဖြစ်ရမည်။ဆောနူးတစ်ယောက်သက်ပြင်းကိုချလိုက်ပြီး မမြင်ချင်ဟန်ဆောင်ကာ
" အော် ဘယ်သူမှလည်းမရှိဘူး နားကြားမှားတာထင်တယ် " ဟု ရေရွတ်ဟန်ပြု၍ ပြုတ်ကျနေသော keychainကိုကောက်လိုက်ပြီး နားကြပ်ကိုနားမှာတပ်ကာ လမ်းဆက်လျှောက်လိုက်သည်။
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...