Arc (1-2) ဖယောင်းပြတိုက်ထဲကအချစ်ကြီးတဲ့ 상사귀

786 100 6
                                    

" ဒီဖယောင်းရုပ်တုတွေက ဖယောင်းခဲကြီးကိုပန်းပုထုသလိုအသေးစိတ်ထုထားတာလားဟင်hyung "

နောက်ဆုံးတော့ နှစ်ယောက်ကြားကတိတ်ဆိတ်မှုကိုအဆုံးသတ်ဖို့ ကျွန်တော်ကပဲ အားမွေးပြီး ဆောင်ဟွန်းhyungကိုစကားစပြောလိုက်သည်။

ကျွန်တော့်အမေးကို hyungက ခေါင်းခါပြီး ဖယောင်းရုပ်ထု အကြောင်းရှင်းပြလာသည်။

" ဖယောင်းရုပ်တုတစ်ခုလုပ်ဖို့ အဆင့်တွေအများကြီးလိုတယ်
ပထမဆုံး ကိုယ်ထုချင်တဲ့ပုံရဲ့ အကြမ်းထည်ကို သူ့ရဲ့အတိုင်းအတာနဲ့ သံဖရိန်နဲ့အကြမ်းချပြီး ရွံ့စေး နဲ့ရုပ်လုံးသွင်းရတယ်  အဲဒီရွှံစေးကို ရွံ့စေးပန်းပုအရင်ထုရတယ် အသေးစိတ်ပေါ့ အဲဒါပြီးမှ  အဲဒီရွှံ့စေးပန်းပုကို ပလာစတာလောင်းပြီး mould ဖောက်ရတယ်။
mould ရလာပြီဆိုရင်တော့ အရည်ဖျော်ထားတဲ့ဖယောင်းတွေကို mould ထဲလောင်းထည့်ပြီးအအေးခံ ၊ mould ခွာပြီးရင် ရလာတဲ့ဖယောင်းရုပ်ထုကို အချောပြန်ကိုင်ရတယ် အနုစိတ်ဆေးပြန်ခြယ်ရတယ်။
(ref:wikipedia)

ဆောနူးမြင်သာအောင်ပြောရမယ်ဆိုရင် resin mould ဖောက်သလိုပေါ့။
ကိုယ်လိုချင်တဲ့ mould ပုံစံက ဆိုင်မှာမရှိရင် အိမ်မှာကိုယ်တိုင် mould ဖောက်သလိုပဲ ကိုယ်လိုချင်တဲ့အရုပ်လေးပေါ်ကနေ စီလီကွန်လောင်းချပြီး ခြောက်သွားတဲ့အခါ အရုပ်ကိုထုတ်လိုက်ရင် ကိုယ်လိုချင်တဲ့mouldလေးရပြီ။
ရလာတဲ့mould ထဲကို resinလောင်းပြီး ကိုယ်ကြိုက်တဲ့resin ရုပ်တွေရလာတာပေါ့။ အဲလိုသဘောပါပဲ။
အခုလည်း လိုချင်တဲ့ပုံစံအတိုင်းရွှံ့စေးပန်းပုအရင်လုပ်တယ် ပြီးရင် mould ဖောက်တယ် ဖောက်ထားတဲ့ထဲကိုဖယောင်းရည်ထည့်တယ်။

ဖယောင်းရုပ်တစ်ရုပ်ရဖို့တကယ်မလွယ်ဘူး။
သူ့ရဲ့ကုန်ကျစရိတ်က အရွယ်အစားအကြီးအသေးပေါ်လိုက်ပြီး အနည်းဆုံး ဒေါ်လာ သုံးသိန်းလောက်ရှိတယ်။
portrait ဖယောင်းရုပ်တွေကပိုပြီးလက်ဝင်တယ် အပြင်မှာတကယ်ရှိနေတဲ့လူရဲ့ပုံစံအတိုင်းတစ်ပုံစံတည်းထွက်အောင် အတိုင်းအတာတွေအများကြီးလုပ်ရတယ်
အသားအရည်အရောင်တူအောင်ချယ်ဖို့ color စပ်ရတယ်
တစ်ချို့ဆို လက်ဗွေရာတွေအထိ အတိအကျတူအောင်လုပ်ကြတာမျိုးရှိတယ်လေ။

Blessed-Cursed Where stories live. Discover now