တုန်ရီနေတဲ့လက်အစုံနဲ့ အိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်ပြီးနောက် Haruaဆီဖုန်းခေါ်လိုက်သည်။
" Harua နီခီကလေ နီခီက မသေသေးဘူး သူတစ်နေရာရာမှာရှိနေသေးတယ် သူ့မိထွေးကအဲလိုဖြစ်အောင်လုပ်ထားတာ ငါ့ကိုစုံစမ်းပေးပါဦး သူ့ကိုမြန်မြန်ရှာမှဖြစ်မှာ.. မမီမှာစိုးလို့ မမီတော့မှာစိုးလို့..
စိတ်ပူတာရော ပျော်တာရော ပေါင်းပြီးခံစားချက်တွေကရှုပ်ထွေးနေတာကြောင့် ဂျပန်လိုတွေရောကိုရီးယားလိုတွေရော ပလုံးပထွေးနဲ့ပြောနေမိသည်။
ဘာသာစကားနှစ်မျိုးလုံးနားလည်တဲ့ Haruaတောင် ကျွန်တော်ပြောတာတွေနားမလည်တော့လို့ ဖြည်းဖြည်းချင်းသေချာပြောပြဖို့တောင်းပန်ယူရတဲ့အထိပင်။" ဆောနူး hyung စိတ်ကိုအေးအေးထားပြီး ကျွန်တော့ကိုသေချာလေးရှင်းအောင်ပြောပြ နီခီက မသေသေးဘူးဟုတ်လား ဘယ်သူက ဘာလုပ်ထားတာလဲ..."
ကျွန်တော်လည်းအသက်ကိုဝအောင်ရှူလိုက်ပြီး
ဆရာဘုန်းကြီးရဲ့စာထဲကအကြောင်းတွေကိုသေချာရှင်းပြလိုက်သည်။ထိုအခါမှ Harua လည်း ဇာတ်ရည်လည်သွားပြီးကျွန်တော့ကိုအားပေးလာသည်။
" ဆောနူးhyung အခုဘယ်မှာလဲ ကျွန်တော်နဲ့ကိုကိုနဲ့လိုက်လာခဲ့မယ် ကိုကိုကအခုပဲ နီခီပြောင်းသွားတဲ့မြို့နဲ့ကျောင်းကိုစုံစမ်းပြီးပြီ အခုhyungရောက်နေတဲ့နေရာကိုသာ location ပို့လိုက် ရောက်မှအေးအေးဆေးဆေးပြောပြမယ်"
ကျွန်တော်လည်း ဧည့်သည်နဲ့စကားပြောနေတဲ့ ဆရာ့မိတ်ဆွေဘုန်းတော်ကြီးကို နှုတ်ဆက်မနေတော့ဘဲ ပြန်တော့ဖို့ ကျောင်းဆောင်ထဲကအထွက်မှာ ဘုန်းတော်ကြီးကလည်း ဧည့်သည်ကို ကျောင်းရှေ့ထိလိုက်ပို့နေတာကို လှမ်းပြီးတွေ့လိုက်ရသည်။
ဘုန်းတော်ကြီးလိုက်ပို့နေတဲ့ဧည့်သည်က အမျိုးသမီးတစ်ဥိးဖြစ်ပြီး
ရပ်ထားတဲ့ကားနဲ့ အ၀တ်အစားအသုံးအဆောင်တွေကိုကြည့်လိုက်တာနဲ့ တော်တော်ကြီးချမ်းသာတဲ့အသိုင်းအ၀ိုင်းကမှန်း သိသာနေသည်။
ဒီအမျိုးသမီးကိုတစ်နေရာရာမှာရင်းရင်းနှီးနှီးတွေ့ဖူးနေသလိုရှိတာကြောင့် သေချာစဥ်းစားလိုက်တော့ခေါင်းထဲမှာ ခပ်ရေးရေးပေါ်လာသည်။
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...