ဆေးရုံကုတင်ပေါ်မှာလဲလျောင်းနေတဲ့ဖြစ်တည်မှုလေးဆီကနေ လက်ချောင်းလေးတွေ စတင်ပြီးလှုပ်ရှားလာတာမြင်တော့၀မ်းသာမှုတွေကအတိုင်းထက်အလွန်။
ထို့နောက် တဖြည်းဖြည်းလှုပ်ရှားလာတဲ့မျက်ခွံလေးတွေပွင့်လာတာနဲ့အတူ အပြစ်ကင်းစင်တဲ့ မျက်လုံးကြည်ကြည်လေးတွေနဲ့စိုက်ကြည့်လာတဲ့ကလေးငယ်ကို အပြုံးနဲ့ကြိုဆိုလိုက်သည်။
" သတိရလာပြီပေါ့
၀ိဉာဥ်ကမ္ဘာမဟုတ်ဘဲ သာမန်ကမ္ဘာမှာ၊
ဒုံဂျာလေးအဖြစ်နဲ့မဟုတ်ဘဲ သာမန်လူသားတစ်ယောက်အဖြစ်နဲ့ ပထမဆုံး နှစ်ကိုယ်တူတွေ့ဆုံခြင်းပါပဲ ငါ့ရဲ့
နီရှိမူရာရီခီလေး "နီခီကတော့ ဘာစကားမှမပြောသေးဘဲ သူ့ကိုဆုပ်ကိုင်ထားတဲ့ကျွန်တော့်လက်တွေကို ပြန်လည်ဆုပ်ကိုင်လာရင်း အိပ်မက်မက်နေသူတစ်ဦးလို...
" ဆောနူးစံကို ဖက်ထားချင်တယ် "
သူ့အလိုကျ သူ့နားလေးတိုးသွားပြီး ဆေးပိုက်တွေနဲ့မထိမိအောင်သတိထားရင်းသူ့ရင်ခွင်ထဲတိုး၀င်ပွေ့ဖက်လိုက်သည်။
အရင်ကလို အေးစက်စက်အထိအတွေ့မဟုတ်ဘဲ လူတစ်ယောက်ရဲ့နွေးထွေးမှုကိုခံစားနေရတာက နှစ်သက်စရာကောင်းလှသည်။
အေးစက်စက်အထိအတွေ့လေးကိုလည်း ချစ်ပေမယ့်ပေါ့။...အခြားစံနှုန်းသတ်မှတ်ချက်တွေ ဘာတစ်ခုမှထည့်တွေးမနေဘဲ ကျွန်တော်ချစ်တဲ့သူက လူသားတစ်ယောက်ဖြစ်နေသည်ဆိုတဲ့အချက်ကလေးကပင် ကျွန်တော့်ကိုဒီကမ္ဘာမှာကံအကောင်းဆုံးလူသားတစ်ယောက်လိုခံစားရစေသည်။
" အခုလိုမျိုး ဆောနူးစံကိုဖက်ထားခွင့်ရတာ အခုထိအိပ်မက်လိုပဲ
အခုလည်းဆောနူးစံကအရင်လိုနွေးနွေးလေးဖြစ်နေတုန်းပဲ
ဝါဂွမ်းလုံးလေး"" ချစ်တယ် နီခီ
သေချာပေါက် မျက်နှာချင်းဆိုင်ပြီးပြောချင်နေခဲ့တာ
စချစ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်
မင်းရဲ့နှလုံးခုန်သံလေးကို နားထောင်လို့မ၀ဘူး "ကြာကြာကြည်နူးခွင့်မရလိုက်ဘဲ အခန်းရဲ့ password နှိပ်သံကြားတာကြောင့် နီခီ့ရင်ခွင်ထဲကနေ အသာရုန်းထွက်လိုက်ပြီး
ကုတင်ဘေးမှာမတ်တပ်ရပ်ရင်း ၀င်လာသူကို ကြည့်လိုက်တော့ တစ်ခါမှမမြင်ဖူးဘဲနဲ့တောင် နီခီ့ရဲ့အဖေဆိုတာပြောနိုင်လောက်တဲ့အထိ နီခီနဲ့ ရုပ်ချင်းဆင်တဲ့ အသက်၄၀ကျော်အရွယ်အမျိုးသားတစ်ယောက်။
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...