ဘီဝန်(Biwon /secret garden) ထဲကိုရောက်တော့ တီးမှုတ်ကခုန်နေတဲ့အသံတွေကြားရပြန်သည်။
လတ်ဆတ်နေတဲ့လေပြည်လေညင်းလေးရယ် ရိုးရာဂီတသံတွေရယ်ကြောင့် တစ်လျှောက်လုံးမောလာခဲ့သမျှတွေ ပြေပျောက်သွားရတော့သည်။
အဝါရောင်ပန်းခင်းကြီးကိုမြင်နေရတဲ့သီးသန့်အဆောင်လို့ပြောလိုက်ပေမယ့် နေရာအတိအကျကမသိတော့ ကျယ်ဝန်းလှတဲ့ဘီဝန်ထဲမှာ ခြေတိုအောင်လျှောက်ပြီးရှာရပြန်သည်။
ဘီဝန်ထဲမရောက်ခင် နန်းဆောင်တွေဆီက မီးတုတ်ဖြုတ်ယူလာခဲ့ပေမယ့်လည်း လရောင်ကထိန်ထိန်သာနေတာမို့ လမ်းတွေကိုရှင်းရှင်းလင်းလင်းမြင်ရသည်။
ထို့အပြင် အဆောင်တိုင်းတွင်လည်းမီးတိုင်များရှိနေတာကြောင့် သိပ်ပူစရာမလိုပေ။
တစ်နေရာအရောက်မှာတော့ အခြားအဆောင်တွေနဲ့ အနည်းငယ်လှမ်းပြီးသီးသန့်ဆန်တဲ့အဆောင်ငယ်လေးကိုတွေ့လိုက်ရတာကြောင့် ဟုတ်လိုဟုတ်ငြားဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
ခြေသံလုံအောင်ဂရုတစိုက်နဲ့အဆောင်ထဲကိုချည်းကပ်ဝင်လာခဲ့ပြီးအထဲကိုကြည့်လိုက်တော့ နားနေဆောင်မဟုတ်ဘဲ အစားအသောက်ပြင်ဆင်တဲ့နေရာဖြစ်နေတာကြောင့် ပြန်ထွက်မည်အပြု ထွက်ပေါက်အပြင်ဘက်မှာ အမျိုးသမီးတစ်ဦးကကျွန်တော် တို့ကိုကျောခိုင်းပြီးရပ်နေတာကိုတွေ့လိုက်ရသည်။
အပြင်အဆင်ကိုကြည့်ရတာ မင်းသမီးတွေရဲ့အပြင်အဆင်မို့ ဆူဂျောင်းဂုံးဂျူများလားလို့တွေးမိပြီး ဝမ်းသာသွားသည်။
" ဂုံးဂျူမယ်မယ်"
မဝံ့မရဲခေါ်လိုက်တဲ့ကျွန်တော့်အသံကြောင့်နောက်လှည့်ကြည့်လာသော မင်းသမီးရဲ့မျက်လုံးတွေက အသက်မဲ့ပြီး မျက်နှာမှာလည်းအပြုံးတစ်ခုရှိနေသည်။
ပြုံးပြနေတဲ့မင်းသမီးရဲ့မျက်နှာက နှစ်လိုဖွယ်ရှိရမယ့်အစား ကြက်သီးထစရာကောင်းနေသည်။
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...