Arc (1-7)ဖယောင်းပြတိုက်ထဲကအချစ်ကြီးတဲ့ 상사귀

767 104 11
                                    

နောက်ဆုံးမှာတော့ ဖယောင်းရုပ်ထုတွေကိုစစ်ဆေးပြီး အမှန်တရားကိုဖော်ထုတ်လိုက်နိုင်တော့သည်။

ပြခန်းပိုင်ရှင်ဆရာမမှာ ဖယောင်းရုပ်တွေကိုထုလုပ်သော စတူဒီယို နှစ်ခုရှိခဲ့သည်။ တစ်ခုမှာ သူမတစ်ဦးတည်းသာအသုံးပြုပြီး နောက်တစ်ခုမှာ လက်ထောက်များ အလုပ်သမားများနှင့် အတူတကွအလုပ်လုပ်ကြသောစတူဒီယိုဖြစ်သည်။
သူမတစ်ဦးတည်းအလုပ်လုပ်သောစတူဒီယိုမှာ ပိတ်ထားတာနှစ်နှစ်နီးပါးရှိနေပြီး လူသတ်မှုကျူးလွန်ခဲ့သည်မှာလည်းထိုနေရာမှာပင်ဖြစ်သည်။
ဖယောင်းကန်ကြီးအတွင်းမှ အလောင်းအကြွင်းအကျန်များကိုတွေ့ရှိခဲ့ရပြီး DNAစစ်ချက်များအရ ပြခန်းပိုင်ရှင်ဆရာမရဲ့ လက်ထောက်နဲ့ချစ်သူရဲ့DNAများနဲ့ကိုက်ညီမှုရှိတာကြောင့် သူမကျူးလွန်ခဲ့သောပြစ်မှုများကိုငြင်းဆန်၍မရနိုင်တော့ပေ။

ဖယောင်းရုပ်ထုထဲမှ အစိတ်အပိုင်းများကိုလည်း ထုတ်ယူပြီး အလောင်းအကြွင်းအကျန်များအားလုံးကိုကောင်းစွာ
မီးသဂြိုလ်ပေးလိုက်သောအခါ သရဲနီကြီးမှာ ကြည့်ရဆိုးသည့်အသွင်အပြင်ကွယ်ပျောက်သွားပြီး အသက်ရှိစဥ်ကအတိုင်း ကြည့်ကောင်းသည့်ပုံစံဖြင့် ကျွန်တော့်ကိုလာရှာလေသည်။

" ဟန်နာက ငယ်ငယ်တည်းက အစွန်းရောက်တဲ့စိတ်ရှိတဲ့သူပါ သူစိတ်ဓာတ်ကျနေတဲ့အချိန်ဆို သတ်သေဖို့ခဏခဏကြိုးစားတယ်
စိတ်တိုနေတဲ့အချိန်ဆို ဘေးမှာရှိတဲ့သူအပေါ်ဒေါသတွေပုံချပြီး ရိုက်နှက်လိုက်ရမှ နေသာတယ်
သူပျော်နေတဲ့အချိန်ဆို ကမ္ဘာပေါ်မှာချစ်စရာအကောင်းဆုံးအမျိုးသမီးလေးပေါ့
ဟန်နာ့ကိုချစ်ရေးဆိုတုန်းက သူ့ရဲ့စိတ်အခြေအနေအကြောင်းကိုကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြောပြပြီး
ကျွန်တေယ့်အချစ်ကိုလက်မခံခဲ့ဘူး ကျွန်တော့်ကိုမနာကျင်စေချင်လို့လေ
ဒါပေမယ့် ကျွန်တော်သူ့ရဲ့အရာရာတိုင်းကိုတကယ်နားလည်လက်ခံပြီးချစ်ပေးချင်တယ် တစ်သက်လုံးကာကွယ်စောင့်ရှောက်ပေးချင်တယ် အဲဒါကြောင့် ဇွဲမလျှော့ဘဲသူ့နားမှာပဲကပ်နေနေခဲ့တာ
သူအဖြေပြန်ပေးပြီးချစ်သူတွေဖြစ်သွားကြတော့နှစ်ယောက်လုံးအရမ်းပျော်ခဲ့ကြတာပေါ့
ကျွန်တော်မသေခင်နှစ်က သူ့အတွက် ဖိအားတွေ အများဆုံးနှစ်လို့ဆိုရမယ် ဂျိုဆွန်းမင်းဆက်ရုပ်တုတွေလုပ်နေရတဲ့နှစ်ပေါ့
အဲဒါကြောင့်သူ့စိတ်အခြေအနေက တော်တော်လေးဆိုးနေခဲ့တာ
ကျွန်တေယ့်မိဘတွေက သူ့အကြောင်းကိုသိနေတာမို့ကျွန်တေယ့်ကိုသူနဲ့သဘောမတူဘူး သူနဲ့ဆက်တွဲနေရင်ဒုက္ခရောက်မှာစိုးလို့လေ

Blessed-Cursed Where stories live. Discover now