သစ်လုံးအိမ်လေးထဲက သနားစရာ집귀신 -1

677 85 42
                                    

၅နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးအမီ
အလုပ်ကိစ္စနဲ့ခရီးကပြန်ရောက်ရောက်ချင်း အခန်းထဲမှာဆူညံစွာမြည်နေတဲ့ alarmသံနဲ့အတူ ချွေးတွေရွှဲစိုပြီး သတိလစ်နေတဲ့ ချစ်လှစွာသော hyung ကိုတွေ့လိုက်ရတဲ့အခါ နီခီရင်တွေပူသွားသည်။

မနေ့ကတည်းက ဝိဉာဥ်ကမ္ဘာထဲဝင်မယ်ဆိုပြီး ကျွန်တော့်ကိုစိတ်မပူဖို့ပြောကာ ဖုန်းအဝင်call ပိတ်သွားခဲ့ပေမယ့် အတွေ့အကြုံဘယ်လောက်များများ
ကျွန်တော်မပါဘဲ hyungတစ်ယောက်တည်း ဝိဉာဥ်ကမ္ဘာထဲလွှတ်ဖို့က ဘယ်လိုမှစိတ်မဖြောင့်ပေ။

အမီပြန်လာခဲ့မှာမို့တစ်ရက်လောက်ပဲစောင့်ပါဆိုတာကို ခေါင်းမာတဲ့hyungက ရတယ်ဆိုပြီး ဇွတ်ဝင်သွားတာဖြစ်သည်။

တစ်ကိုယ်လုံးခြစ်ခြစ်တောက်ပူနေတာကိုထောက်ရင် ဝိဉာဥ်ကမ္ဘာထဲမှာ ဒဏ်ရာရလာခဲ့တာသေချာသည်။

ဒီလိုဆိုတော့ အအေးဓာတ်တွေအမြဲလွှမ်းခြုံနေခဲ့တဲ့ ဒုံဂျာဘဝကို ပြန်ရောက်ချင်သည်။

အဲဒီအချိန်ကအအေးဓာတ်နဲ့ဆို ရင်ခွင်ထဲထွေးပွေ့ထားပေးလိုက်တာနဲ့ hyungခံစားနေရတဲ့အပူရှိန်ကို အတော်အတန်လျော့ပါးသက်သာစေနိုင်မှာဆိုပေမယ့်အခုတော့ကျွန်တော်က သာမန်လူတစ်ယောက်ပဲဖြစ်နေပြီမို့ အခုအချိန်မှာ hyung အသည်းအသန်လိုအပ်နေတဲ့ အအေးဓာတ်ကိုလွှမ်းခြုံမပေးနိုင်တော့ပေ။

ခရီးဆောင်အိတ်ကို အခန်းထောင့်ဆီတွန်းပို့လိုက်ပြီး
နက်ခ်တိုင်နဲ့ ကုတ်အင်္ကျီကိုချွတ်ကာ ရှပ်အင်္ကျီလက်ကို တံဆောင်ဆစ်အထိခေါက်တင်လိုက်ရင်း အပူဒဏ်ကိုအလူးအလဲခံစားနေရတဲ့ hyungကိုကောက်ပွေ့လိုက်တော့ hyungရဲ့ခန္ဓာကိုယ်လေးက အရင်ထက်ပိုပြီးပေါ့ပါးနေသည်။

ခရီးသွားနေတဲ့ရက်ပိုင်းအတွင်းမှာ hyungတစ်ယောက် အစားအသောက်မှန်အောင်မစားဘဲ ကယ်တင်ခံရမယ့်တစ္ဆေတစ်ကောင်အတွက် ကြိုးစားနေပုံရသည်။

အပူကျသွားလို့သက်သာသွားရင် အစားအသောက်ကိုဂရုတစိုက်ကျွေးမှဖြစ်မည်။

ရေချိုးခန်းထဲက ရေအပြည့်ဖြည့်ထားတဲ့ bath tabထဲမှာ hyungကိုအသာအယာချပြီး အင်္ကျီကိုချွတ်လိုက်တော့ အသားအရောင်လေးက အပူရှိန်ကြောင့် နီမြန်းနေသည်။

Blessed-Cursed Where stories live. Discover now