Arc (6-9)ချစ်သော 동자 ရှာပုံတော်ဖွင့်ခြင်း

592 96 36
                                    

နီခီ့အခန်းရှေ့ပြန်ရောက်တော့ နီခီ့အဖေက အခန်းထဲကထွက်လာတာနှင့်ဆုံသည်။
" သားဆီကနေ အကြောင်းစုံကြားခဲ့ပြီးပါပြီ ဒီအတောအတွင်းသားကိုစောင့်ရှောက်ပေးခဲ့တာတွေအတွက် စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်
ရှေ့လျှောက်လည်း သားကိုဆောနူးဆီအပ်ပါတယ်နော်။
အထဲမှာ သားကဆောနူးကိုစောင့်နေတယ်။
အန်ကယ် ကိစ္စလေးရှိသေးလို့ Company ခဏပြန်ပါဦးမယ်
ခွင့်ပြုပါဦးနော် ။ "

နီခီ့အဖေကနှုတ်ဆက်ပြီးပြန်သွားတာနဲ့ အခန်းထဲ၀င်လာတော့ နီခီက ကုတင်ပေါ်မှာလဲလျောင်းရင်း ကျွန်တော့်ကိုငေးကြည့်နေသည်။

ဘေးနားမှာ၀င်ထိုင်လိုက်ပြီး သူ့ရဲ့လက်ဖျားအေးစက်စက်လေးတွေကို ကျွန်တော့်လက်နဲ့ဆုပ်ကိုင်ကာနွေးထွေးစေလိုက်တော့ ထိုအပြုအမူကိုပင် သဘောကျစွာ ပြုံးရယ်လာခဲ့သည်။

" ဆောနူးစံက တကယ်ပဲ ကျွန်တော့်စိတ်ကို ကြည်လင်အေးချမ်းသွားစေတယ် ရွှေရင်အေးလေး "

နီခီ့ဆီက ထိုစကားကြားရတော့ မျက်လုံးတွေမှိတ်ကျသွားသည်အထိ ပြုံးလိုက်မိသည်။

" ငါ ခုဏကပဲ ဆရာမ ဟာရူမီရဲ့အခန်းကိုရောက်ခဲ့တယ်
သူက ငါတို့ဝိဉာဥ်ကမ္ဘာမှာတွေ့ခဲ့ဖူးတဲ့ ဆရာမ ဟာရူမီနဲ့ နည်းနည်းကွဲပြားနေတယ် ဝိဉာဥ်ကမ္ဘာထဲမှာတော့ သူက အမှန်တရားဘက်တော်သားဖြစ်ခဲ့ပြီး
အခုဒီမှာတော့ အပြစ်သားတစ်ယောက်ဖြစ်နေတယ်။
ငါက မိသားစုံစုံလင်လင်နဲ့ကြီးပျင်းလာရလို့ သူ့လိုမိဘမဲ့တစ်ယောက်ရဲ့စိတ်ဒဏ်ရာကိုနားလည်ပေးနိုင်မှာမဟုတ်ဘူးလို့သူကငါ့ကိုပြောတယ်။
တကယ်လည်းငါသူ့ကိုနားမလည်နိုင်ခဲ့ဘူး
ဘယ်လောက်ပဲ မိဘမဲ့မို့စိတ်ဒဏ်ရာတွေရှိနေပါစေ
အပြစ်မဲ့တဲ့ ကလေးတစ်ယောက်ို ၀ိဉာဥ်ချုပ်ဖို့ဆိုတာက မဖြစ်သင့်ဘူးလေ
သူဘာလို့အဲလောက်ထိ လုပ်ရက်ခဲ့တာလဲဆိုတာ ငါတကဟ်နားမလည်ဘူး "

" ဆောနူးစံသိလား ကျွန်တော်လေ ဆောနူးစံနဲ့ တွေ့ဆုံခွင့်ရခဲ့တာတစ်ခုတည်းနဲ့တင် အစ်မဟာရူမီ ကျွန်တော့်အပေါ်လုပ်ခဲ့သမျှအပြစ်တွေအကုန်လုံးကို ကျေအေးပေးနိုင်တယ်။

Blessed-Cursed Where stories live. Discover now