Arc(5-1) ထူးဆန်းစွာရောက်လာသော 물귀신

734 99 18
                                    

Water Ghost ( 물귀신)

ရေသရဲဆိုတာကတော့ ပယောဂတစ်စုံတစ်ရာကြောင့်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ်သတ်သေရင်းနဲဖြစ်စေ ရေနစ်ပြီးသေဆုံးသွားကြတဲ့သူတွေကနေဖြစ်လာတဲ့ သရဲအမျိုးအစားပါ။

ရေသရဲတွေက ရေနစ်ပြီးကူကယ်ရာမဲ့နေတဲ့သူတွေလိုဟန်ဆောင်ပြီး လူတွေကိုရေထဲဆင်းလာအောင်မျှားခေါ်တတ်ပါတယ်
လာကယ်တဲ့သူကိုရေနက်ရာဆီဆွဲခေါ်သွားပြီး ရေနစ်သေဆုံးအောင်လုပ်ကြပါတယ်တဲ့။
အဲဒီလိုလုပ်ရတဲ့အကြောင်းအရင်းက
တစ်ချို့ကတော့ လူစားလဲချင်လို့ဖြစ်ပြီး တစ်ချို့ကတော့ ရေထဲမှာတစ်ယောက်တည်းအထီးကျန်လို့ပါတဲ့
အချို့ရေသရဲတွေက ရေထဲဆင်းလာတဲ့သူတွေကို သူတို့ဆံပင်တွေနဲ့ ရစ်ပတ်ပြီးရေထဲကိုဆွဲချတတ်ပါတယ်တဲ့
အန္တရာယ်များတဲ့သရဲမို့ မရင်းနှီးတဲ့ပတ်ဝန်းကျင်က ရေကန်တွေမြစ်တွေ ပင်လယ်တွေမှာ တစ်ယောက်တည်း ရေကူးတာမျိုးရှောင်သင့်ပါတယ်တဲ့
.
.
.
.

ဆောင်ဟွန်းhyungမရှိတော့တဲ့နောက်မှာ hyungရဲ့အိမ်နဲ့ပိုင်ဆိုင်မှုတွေကို ငွေသားပြောင်းပြီး မိဘမဲ့ကျောင်းတစ်ခုမှာ ဆောင်ဟွန်းနဲ့ဂျယ်ယွန်းနှစ်ယောက်လုံးရဲ့နာမည်နဲ့လှူဒါန်းလိုက်သည်။
နှစ်ယောက်သား ဘဝကောင်းကောင်းလေးတစ်ခုမှာ ပြန်ဆုံတွေ့ကြရင်း ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြစေရန်ဆုတောင်းပေးဖို့လည်းမမေ့ခဲ့ပေ။

ထူးဆန်းတာတစ်ခုက ကျွန်တော်နဲ့နီခီကလွဲရင် ကျန်တဲ့သူတွေအားလုံးရဲ့မှတ်ဉာဏ်ထဲမှာ ဆောင်ဟွန်းhyungဆိုတာဘယ်တုန်းကမှရှိမနေခဲ့ဖူးသလိုပျောက်ကွယ်သွားတာဖြစ်သည်။
ဒါလည်းတစ်ခုကောင်းတာပါပဲ ဆောင်ဟွန်းhyungဘယ်ရောက်သွားလဲဆိုတဲ့မေးခွန်းကိုတကုးတကလိုက်ပြီးဖြေရှင်းချက်ပေးနေစရာမလိုတာပေါ့ဟုသာတွေးပြီးဖြေသိမ့်လိုက်သည်။
.
.
ရေချိုးခန်းထဲကအထွက်မှာ ဖုန်းမြည်လာတာမို့ကိုင်လိုက်တော့ Harua ဆီမှဖြစ်နေသည်။

Harua နဲ့ ဝိဉာဥ်တောအုပ်ထဲကမထွက်မီကတည်းက ဖုန်းနံပါတ်တွေလဲပြီးရေးပေးခဲ့တာကြောင့် အဆက်အသွယ်ပြတ်မသွားတာဖြစ်သည်။

" ဆောနူး hyung မနက်ဖြန် ကျွန်တော် ဂျပန်ကိုပြန်တော့မလို့
အဖေလည်းမရှိတော့ဘူးဆိုတော့ ကျောင်းကိုလည်း ဟိုမှာပဲပြန်တက်တော့မယ် အဲဒါ hyungကိုလှမ်းနှုတ်ဆက်တာ။
ကျွန်တော့်ကိုကိုလာခေါ်မှာလေ ဟဲဟဲ။
အဲဒါ အရင်တစ်ခါက hyung ပြောထားတဲ့ကိစ္စ ဂျပန်ကိုလာမယ်ဆိုတာ
လာဖြစ်ရင် ဖုန်းဆက်လိုက်နော်
အဲဒီကိစ္စနဲ့မဟုတ်တောင် ဒီအတိုင်းလာလည်ဖြစ်ရင် ဖုန်းဆက်လိုက်နော်သိလား hyung ကျွန်တော်ကိုကိုနဲ့အတူတူလာကြိုမယ် "

Blessed-Cursed Where stories live. Discover now