သစ်လုံးအိမ်ထဲက သနားစရာ집귀신-4

429 69 4
                                    


အွန်းဟက်အခြေအနေတည်ငြိမ်သွားအောင် တစ်ရက်လောက်ထပ်စောင့်ပြီးမှ သစ်လုံးအိမ်ထဲဝင်ဖို့စီစဥ်ကြသည်။

" အွန်းဟက်လေးအတွက် ပထမဆုံးဝိဉာဥ်ကမ္ဘာထဲကိုဝင်ရမှာပဲ။
အရမ်းမကြောက်ပါနဲ့ hyungလည်းပါမှာ နီခီလည်းပါမှာဆိုတော့ ငါတို့ကလေးလေးကို အတတ်နိုင်ဆုံး မထိခိုက်အောင် ကူညီပေးမှာပါ။
တစ်ခုရှိတာက Jaehyun ကတော့ hyungတို့နဲ့အတူလိုက်လို့မရဘူးပေါ့"

" ဝင်လို့မရတာကောင်းတယ် Jaehyunnie hyung ကို အန္တရာယ်ရှိတဲ့နေရာတွေခေါ်မသွားချင်ဘူး ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တောင် ဘယ်လိုကာကွယ်ရမှန်းမသိသေးဘူးလေ "

စိတ်လှုပ်ရှားလို့နဖူးမှာ ချွေးစလေးတွေတောင်မြင်နေရတဲ့အွန်းဟက်လေးက သူ့အချစ်ကိုထိခိုက်မှာတော့ကြောက်ရှာသည်။
တကယ့်ကလေးပါပဲ။

" တစ်ခုရှိတာက အရင်ကဆိုကယ်တင်ခံရမယ့်တစ္ဆေတွေက သူတို့စိတ်ဆန္ဒနဲ့ လွတ်မြောက်ချင်ကြတဲ့သူတွေဆိုပေမယ့်
အခုတစ္ဆေက တကယ်လို့ လွတ်မြောက်ချင်တဲ့စိတ်ဆန္ဒမရှိဘဲ နှောက်ယှက်တဲ့တစ္ဆေအဖြစ်ပြောင်းသွားရင် ဝင်မယ့်သူတွေအကုန် အန္တရာယ်ရှိတယ်။
အဲဒါကြောင့်ငါတို့ ယာယီဝိဉာဥ်ချုပ် အစီအရင်ကို လုပ်မှဖြစ်မယ်။
ဆရာဘုန်းတော်ကြီးဆီကနေ သေချာလေးသင်ထားတာ အခုတော့ထုတ်သုံးရတော့မယ်အချိန်ရောက်လာပြီ။
အဲဒီအစီအရင်က တစ်ရက်ပဲခံမယ်နောက်ပြီး အစီအရင်လုပ်တုန်းကရှိနေတဲ့သူအပြင် နောက်ထပ်တစ်ယောက်အိမ်ထဲဝင်လာခဲ့ရင် အစီအရင်ပျက်နိုင်တယ်။

အဲဒါကြောင့် Jaehyun က အိမ်ထဲကိုဘယ်သူမှဝင်မလာနိုင်အောင်သေချာလေးစောင့်နေဖို့ကအရေးအကြီးဆုံးပဲ။ "

ကျွန်တော့်စကားကြောင့် နီခီက ကျွန်တော့်လက်ကလေးကိုအသာအယာဆုပ်ကိုင်လာသည်။

"တစ်ခုခုဆိုတာမျိုးဖြစ်လာခဲ့ရင် ကိုယ့်ကိုယ်ကိုယ်အနစ်နာခံဖို့ပဲမတွေးနဲ့နော်hyung
hyungမှာအားကိုးစရာကျွန်တော်တစ်ယောက်လုံးရှိတယ်ဆိုတာ မမေ့နဲ့။"

သူလည်းအတူလိုက်ဝင်မှာဆိုပေမယ့် နီခီက သူကိုယ်တိုင်ထက် ကျွန်တော့်ကိုပိုစိုးရိမ်နေသေးသည်။

Blessed-Cursed Where stories live. Discover now