Arc (3-4)ချန်းဒေါ့နန်းတော် မိဖုရားအဆောင်က처년귀신

670 104 22
                                    

" တစ္ဆေသရဲတွေကိုကျွတ်လွတ်အောင်ကူညီပေးတယ် ဟုတ်လား  ဒါဆို ငါရောအကူအညီတောင်းလို့ရမလား

ငါဒီထဲမှာပိတ်မိနေတာဘယ်နှနှစ်ရှိနေမှန်းတောင်မသိတော့ဘူး
ဘာအစီအရင်နဲ့ဒီထဲမှာချုပ်နှောင်ထားမှန်းလည်းမသိဘူး
ငါသိတာက ငါကျွတ်လွတ်သွားမှပဲ ဒီနန်းဆောင်ကနေလွတ်မြောက်ခွင့်ရမယ်ဆိုတာပဲ
ကျွတ်လွတ်အောင်လုပ်ဖို့က ငါတစ်ယောက်တည်းအင်အားနဲ့မဖြစ်နိုင်ဘူး တစ်ယောက်တည်းလည်းကျွတ်လွတ်မသွားချင်ဘူး ငါမှလုပ်စရာတွေရှိသေးတယ် ကူညီပေးလို့ရမလား"

မနေ့ညက မင်ဂယူhyung တို့အဖွဲ့ကိုတော့သွေးအန်တဲ့အထိခြောက်လွှတ်လိုက်ပေမယ့် အခုနန်းတွင်းသူဝတ်စုံနဲ့ကျွန်တော့် ကိုတော့ မိန်းကလေးထင်ပြီး ယုံကြည်အားကိုးစွာအကူအညီတောင်းနေတဲ့ အပျိုစင်မိဖုရားတစ္ဆေရဲ့မျက်လုံးထဲမှာ မျှော်လင့်ချက်တွေအပြည့်နဲ့ဖြစ်သည်။
နန်းတွင်းသူဝတ်စုံကအလုပ်ဖြစ်သွားတယ်ပြောရမည်။

"  မယ်မယ်ရဲ့ သေဆုံးရတဲ့အကြောင်းအရင်းနဲ့မကျွတ်လွတ်ရတဲ့အကြောင်းအရင်းကိုကျွန်တော်မျိုးကိုပြောပြရင် တတ်နိုင်သလောက်ကူညီပေးပါ့မယ် မယ်မယ်"

မယ်မယ်လို့ခေါ်မိတော့ မကြိုက်သည့်ဟန်ဖြင့်ခေါင်းခါသည်။

" မယ်မယ်လို့မခေါ်ပါနဲ့ ငါရင်ထဲမှာတော့ ငါကအမြဲမင်းသမီးအဆောင်ကသာမန်နန်းတွင်းသူလေးပါပဲ။

ရင်းရင်းနှီးနှီးပြောကြရအောင်
ငါ့နာမည်က ဗြောရီပါ မိသားစုက ငါ့ကိုငယ်ငယ်တည်းကနန်းတွင်းထဲကိုပို့ပေးခဲ့ပြီး နန်းတွင်းစည်းကမ်းတွေနဲ့ပျိုးထောင်ခံခဲ့ရတာပေါ့ ။

ငါ့ဘဝမှာအပျော်ဆုံးက ဆူဂျောင်းဂုံးဂျူရဲ့ နန်းဆောင်မှာနန်းတွင်းသူအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ရတဲ့အချိန်တွေပဲ

ငါ့ထက်နှစ်နှစ်ကြီးတဲ့မင်းသမီးက ငါ့ကို ညီမလေးတစ်ယောက်လိုချစ်ရှာတယ်။

မွန်းကြပ်စရာကောင်းပြီး ပျော်စရာရှားပါးတဲ့ ဒီနန်းတော်ကြီးထဲမှာ မင်းသမီးမျက်နှာတစ်ခုတည်းနဲ့ငါနေပျော်ခဲ့တယ်။

Blessed-Cursed Where stories live. Discover now