Arc (2-2) ၆လွှာက 콩콩귀신

675 93 9
                                    

" မင်ဂျီက ပုံမှန်ဆို အရမ်းတော်ပြီး လိမ္မာတဲ့ကလေးပါ။

အခု Hanni နဲ့ကြောင့်နဲ့ အုပ်ထိန်းသူခေါ်ရတဲ့အထိဖြစ်နေတော့ ကျွန်မနည်းနည်းစိတ်ပူမိတယ်။

သူက ကျွန်မငယ်ငယ်ကပုံစံလေးနဲ့တူတာမို့ သူ့ကိုကြည့်လိုက်ရင်ကျွန်မကိုယ်ကျွန်မပြန်မြင်လာသလိုခံစားရပြီး သူ့အပေါ်လည်း မျှော်လင့်ချက်တွေအများကြီးထားတယ်။

ဆိုတော့ နောက်ကိုဒီလိုမျိုးလေးမဖြစ်ရအောင် ကျွန်မကလည်းသေချာဆုံးမပါမယ်၊ အုပ်ထိန်းသူတွေအနေနဲ့လည်း မင်ဂျီကို သေချာလေးနားချပေးစေချင်လို့ပါ ။

အခုဖြစ်တဲ့ကိစ္စမှာလည်း မင်ဂျီကလက်ပါမိတာဖြစ်လို့ အုပ်ထိန်းသူကိုပြောပြဖို့လိုအပ်လာတဲ့အခြေအနေလေးဖြစ်သွားပါတယ်။

ဒီတစ်ခါတော့အုပ်ထိန်းသူခေါ်ယူဆွေးနွေး လက်မှတ်ထိုးရုံနဲ့ပြီးသွားပေမယ့် တကယ်လို့များ နောက်တစ်ခါရှိလာခဲ့ရင် ကျောင်းစည်းကမ်းအရ အချိန်ပိုင်းနဲ့ကျောင်းနားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ရှေ့လျှောက် စာမေးပွဲကလည်းနီးလာပြီဆိုတော့ အပေါင်းအသင်းထက် စာကိုပိုပြီးအာရုံစိုက်စေချင်တာပေါ့နော်။ "

ဆရာမမျက်နှာကိုအကဲခတ်ကြည့်ရသလောက် မင်ဂျီကို Hanni နဲ့ သူငယ်ချင်းလုပ်တာသဘောမကျသလိုအရိပ်အယောင်တွေတွေ့ရပြီး မင်ဂျီကတော့ အိမ်မှာ ခဏခဏ Hanni အကြောင်းပြောနေတတ်တာမို့ Hanni ကိုတော်တော်သဘောကျနေပုံရသည်။

တပည့်ချင်းအတူတူကို ဆရာမရဲ့သဘောထားက ဘာလို့ မျက်နှာလိုက်နေပါလိမ့်။
ငွေကြေးချမ်းသာသူကိုမျက်နှာလိုက်တယ်ပြောရအောင်လည်း ဒီကျောင်းမှာလာတက်ကတည်းက တော်ရုံအိမ်အခြေအနေနဲ့မဖြစ်နိုင်။
နောက်ပြီး မင်ဂျီပြောပုံအရ Hanni က Australia ကနေပြောင်းလာသူမို့ ဆရာမက ပိုက်ဆံမျက်နှာနဲ့မျက်နှာလိုက်တာမျိုးတော့မဟုတ်နိုင်ပေ။

ကျွန်တော်လည်း အနိုင်ကျင့်တဲ့ကလေးတွေကိုအရင်သေချာလေးဆုံးမပေးစေချင်ကြောင်း ၊
ထိုကလေးတွေအနိုင်မကျင့်လျှင် မင်ဂျီလည်းလက်ပါမည်မဟုတ်ကြောင်း ပြောလိုက်ရာ
ဆရာမက ထိုကလေးတွေကို အပြစ်ပေးပြီး ကျောင်းတစ်ပတ်နားထားပြီဖြစ်ကြောင်းပြောသဖြင့် ကျွန်တော်လည်း လက်မှတ်ထိုးပေးခဲ့ပြီးရုံးခန်းအပြင်ထွက်လာခဲ့သည်။

Blessed-Cursed Where stories live. Discover now