Arc (2-7)၆လွှာက 콩콩귀신

745 101 8
                                    

" အန်တီလေး သမီးပါ အန်တီလေးရဲ့ tokki လေးလေ"

၁၅နှစ်လောက်ကြာပြီးမှ အမှန်တရားကိုသိခဲ့ရလို့တောင်းပန်ပါတယ် ဘယ်လောက်တောင် ခံပြင်းနေခဲ့မလဲ ဘယ်လောက်တောင်အထီးကျန်နေခဲ့မလဲ

အန်တီလေးကိုယ်စားသမီးလက်စားချေပေးမယ်"

Hanni စကားတွေကိုနားလည်ဖို့ ကျွန်တော်ခဏအချိန်ယူလိုက်ရသည်။
Hanni ကသူ့ကိုယ့်သူ ခုံ ခုံ တစ္ဆေရဲ့တူမလို့ပြောနေပြီး လက်စားချေပေးမယ်ဆိုတော့သူက ဒီအကြောင်းတွေကိုအစောကြီးကတည်းကသိနေခဲ့တာလား။

ခုံ ခုံ တစ္ဆေနဲ့သူက ရုပ်ချင်းတူနေတာကလည်း သူတို့ကအမျိုးတော်လို့ပေါ့။
ဒါပေမယ့်ကျွန်တော်မှတ်ထားတာမမှားရင် မင်ဂျီပြောပြဖူးတာ Hanni က သြဇီကနေကျောင်းပြောင်းလာတဲ့ ဗီယက်နမ်လူမျိုးဆို။

" ဒီနှစ် နှစ်စမှာ ဘွားဘွားဆုံးလို့ ကိုရီးယားကိုခဏပြန်လာပြန်လာရင်း အန်တီလေး အုတ်ဂူကိုပါ အလည် သွားကြတော့ အန်တီလေးအုတ်ဂူရှေ့မှာ လူတစ်ယောက်ဒူးထောက်တောင်းပန်နေတာတွေ့တယ်

အဲဒီလူက သမီးကိုမြင်တော့အရမ်းလန့်ပြီး
ဟယ်ဂျောင်း ငါတောင်းပန်ပါတယ် ငါတို့နှစ်ယောက်ကိုခွင့်လွှတ်ပါဆိုပြီး ထပ်ကာထပ်ကာပြောတယ်

သမီးလည်း ဟယ်ဂျောင်းမဟုတ်ကြောင်း ဟယ်ဂျောင်းနဲ့ရုပ်ချင်းတူတဲ့ တူမဖြစ်ကြောင်းပြောပြတော့ ဘာမှဆက်မပြောဘဲ အိမ်လိပ်စာမေးပြီး ပြန်သွားတယ် ။

နောက်ရက်ကျ အဲဒီလူရဲ့မိသားစုဝင်တစ်ယောက်က သမီးတို့အိမ်လိပ်စာအတိုင်းဆက်သွယ်လာပြီး သူကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းနဲ့အတူ သူချန်ထားခဲ့တဲ့စာတစ်စောင်ပါလက်ခံရရှိခဲ့တယ်။

စာထဲမှာအန်တီလေးသေဆုံးရခြင်း အကြောင်းစုံကိုရှင်းပြထားပြီး အဖြစ်မှန်ကိုသိရလို့ သြဇီမပြန်တော့ဘဲ ဒီဆရာမပြောင်းလာတဲ့ကျောင်းကို ဝင်ခွင့်ရအောင်ဖြေပြီး လိုက်လာခဲ့တာ
အဲဒီဦးလေးကြီးရေးထားတဲ့စာထဲမှာ အန်တီလေးကိုသတ်တာက ဆရာမလည်းကြံရာပါပဲလို့ရေးထားတယ်။

ဒီအဖြစ်အပျက်ကို ဆရာမကိုယ်တိုင်ပါးစပ်ကဝန်ခံပြီး တစ်သက်လုံးထောင်ထဲမှာနေရအောင် လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီကျောင်းကိုရောက်လာခဲ့တာပါ။"

Blessed-Cursed Where stories live. Discover now