( ကြောက်တတ်ရင်မနက်မှဖတ်ကြပါနော်)
ပုံမှန်ထက်တိတ်ဆိတ်နေသည့်ညကို ထူးဆန်းသောအသံတစ်ခုကဖြိုခွင်းလိုက်သည်။
နံရံကိုတစ်ခုခုနဲ့တိုက်နေသည့်အသံ တဒုတ်ဒုတ်ကြောင့်သာမက
လည်ချောင်းထဲမှာပူလောင်ခြောက်ကပ်ပြီး ရေဆာတဲ့ခံစားချက်ကြီးကြောင့်ရော နိုးထလာပြီး ဘေးကိုစမ်းကြည့်တော့ အတူအိပ်နေတဲ့ ဆာကူရာအောနီးက မရှိတော့ပေ။ဘယ်ရောက်သွားပါလိမ့်။ တဒုတ်ဒုတ်အသံက မရပ်မနားဆက်လက်ထွက်ပေါ်နေသည်မှာ ခြောက်ခြားစရာကောင်းလှသည်။
ညဦးပိုင်းမှာတော့ ဆာကူရာအောနီး နဲ့နှစ်ယောက်သား ရောက်တတ်ရာရာစကားတွေပြောဖြစ်ကြပြီး အခန်းမီးတွေအကုန်ဖွင့်ပြီး အိပ်ယာဝင်ခဲ့ကြပေမယ့် အခုတော့မီးတွေကပိတ်လျက်သားဖြစ်နေသည်။
ဖုန်းကိုလှမ်းယူပြီးဖုန်းမီးဖွင့်ကာအခန်းထဲကိုထိုးကြည့်လိုက်တော့ တံခါးပေါက်နားမှာ ဆာကူရာက အခန်းကိုကျောပေးကာ အသိစိတ်လွတ်နေတဲ့သူလိုမျိုး နံရံကိုနဖူးနဲ့တိုက်နေတာကိုတွေ့လိုက်ရသည်။
ကြားနေရတဲ့တဒုတ်ဒုတ်အသံက သရဲခြောက်တာမဟုတ်ဘဲ သူ့ကြောင့်ဆိုတာကိုသိလိုက်ရတော့ အနည်းငယ်စိတ်သက်သာရာရသွားသလိုလို။
ဆာကူရာအောနီး ဘာဖြစ်တာပါလိမ့် အိပ်မက်ယောင်ပြီးလမ်းထလျှောက်တာလား သူရပ်နေတဲ့နေရာမှာလည်း ရေတွေရွဲစိုပြီးရေကွက်ကြီးဖြစ်နေသည်ကိုတွေ့လိုက်ရတော့ စိတ်ထဲနည်းနည်းထင့်သွားသည်။
နံရံကိုနဖူးနဲ့တိုက်နေတာ နဖူးတွေနာတော့မှာပဲ ဟုတွေးကာ အနားကိုလျှောက်သွားလိုက်ပြီးနောက် ပခုံးကိုအသာအယာပုတ်လိုက်တော့ နံရံကိုနဖူးနဲ့ဆောင့်နေခြင်းက ရပ်တန့်သွားပြီး နောက်သို့လှည့်ကြည့်လာချိန်မှာ လိပ်ပြာလွင့်မတတ်လန့်သွားသည်။
ခန္ဓာကိုယ်ကနည်းနည်းမှမရွေ့လျားဘဲ ခေါင်းကြီးကသာတစ်ပတ်လည်သွားပြီး လှည့်ကြည့်လိုက်တာကြောင့်ပင်လန့်လွန်းတာကြောင့် နောက်ကိုတစ်ဖြည်းဖြည်းဆုတ်လိုက်ချိန်မှာ ခေါင်းကြီးကပြန်လည်သွားပြီး ချယ်ဝန်းရှိရာဘက်လို့လှည့်လာကာ တစ်လှမ်းချင်းရှေ့တိုးလာသည်။
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...