သစ်လုံးအိမ်ထဲက သနားစရာ 집귀신 -6 ဇာတ်သိမ်း

746 79 14
                                    

"ဒါက သေဆုံးသွားရတဲ့အကြောင်းအရင်းပဲ ဒါပေမယ့် သူ
မကျွတ်လွတ်ရတဲ့အကြောင်းအရင်းက ဘာများပါလိမ့်။
သူ့ချစ်သူက တခြားတစ်ယောက်နဲ့လက်ထပ်သွားပြီဆိုတဲ့အသိနဲ့ သေဆုံးသွားတာမို့ ချစ်သူကိုစောင့်နေတာကြောင့်လည်းမဟုတ်နိုင်ဘူး။
အဖေကိုစိတ်နာနေတာဆိုရင်လည်း ဘာလို့ဒီအချိန်အထိ ဘယ်သူ့ကိုမှအနှောက်အယှက်မပေးဘဲ ငြိမ်နေခဲ့တာလဲ "

ဖြစ်စဥ်အစမှအဆုံးတိုင်တွေ့မြင်လိုက်ရသည့်တိုင်
ဦးလေးဂျေးဟို မကျွတ်လွတ်နိုင်ရတဲ့အကြောင်းအရင်းကို မသိရတာကြောင့် အနည်းငယ်စဥ်းစားရခက်နေသည်။

ထိုအခါမှ တစ်လျှောက်လုံးငြိမ်နေခဲ့တဲ့နီခီက သူ့စဥ်းစားလို့ရတာကိုထုတ်ပြောလာသည်။

" ကျွန်တော်ကတော့ ဦးလေးဂျေးဟိုက ဒီသစ်လုံးအိမ်ကိုစွဲလန်းနေတာလို့ထင်တာပဲ။

ကျွန်တော်ကိုယ်တိုင်တော့မကြားရပေမယ့် hyungတို့ပြောသလောက် ပြင်ပကမ္ဘာမှာ သူတောက်လျှောက်ပြောလာတာက သစ်လုံးအိမ်ကိုဖျက်တဲ့သူတွေဆို မိသားစုဆိုရင်တောင်သတ်မယ်လို့ ပြောခဲ့တာမလား။

ဒီသစ်လုံးအိမ်မှာ သူ့ချစ်သူနဲ့အမှတ်တရတွေရှိခဲ့လို့ ဒါမှမဟုတ် သူဖွက်ထားတာတစ်ခုခုရှိလို့များလား "

နီခီ့စကားကိုကြားမှ ဦးလေးဂျေးဟိုက သစ်လုံးအိမ်ကိုမဖျက်ဆိုတောက်လျှောက်ပြောခဲ့တာကိုသတိရသွားတော့သည်။

" အဲဒါဆို ငါတို့ ဒီထဲမှာ သူ့ချစ်သူနဲ့ပတ်သတ်တာ တစ်ခုခုတွေ့အောင်ရှာကြည့်ကြရအောင်။
သူစိတ်စွဲနေနိုင်လောက်မယ့်ပစ္စည်းတွေအကုန်သာယူခဲ့ ပြန်သယ်သွားပြီး ကျွတ်လွတ်အောင်လုပ်ပေးရမယ်"

ထိုသို့တိုင်ပင်ပြီးနောက် ကျွန်တော်တို့၃ယောက်သား သစ်လုံးအိမ်ထဲကို လှည့်ပတ်ရှာဖွေတော့သည်။
အလောင်းတွဲလောင်းကျနေတဲ့ အိပ်ခန်းထဲကိုရှာရတဲ့အခါမှာတော့ အတော်အတန် ရင်တွေတုန်ပြီး ထိတ်လန့်နေရသည်။
ထိုစဥ်မှာပင်

" ဟီး ဟီး ဟီးးး"

ဟူသော ခြောက်ကပ်ကပ်ရယ်သံကြီးကို ကြားလိုက်ရတာကြောင့် ၃ ယောက်သား မတိုင်ပင်ထားဘဲ အလောင်းဆီကိုပြိုင်တူကြည့်လိုက်မိကြသည်။

Blessed-Cursed Where stories live. Discover now