Arc (3-9)ချန်းဒေါ့နန်းတော် မိဖုရားအဆောင်က처년귀신

686 92 6
                                    

" ဗြောရီ ဒီလိုအဖြစ်ဆိုးမျိုးကြုံရတာရော ငါတို့နှစ်ယောက်ကြားထဲကရင်နာစရာအဖြစ်အပျက်တွေအကုန်လုံးရောက ငါ့ကြောင့်ပါပဲ။

ငါသာ ငါ့နှလုံးသားကိုဖုံးကွယ်ပြီး လိမ်လိမ်မာမာနဲ့ ခမည်းတော်ပြောတဲ့သူကိုလက်ထပ်လိုက်ရင် ဗြောရီကိုလည်း ငါနဲ့အတူနန်းပြင်ကိုခေါ်ထုတ်သွားပြီး မပေါင်းဖက်ရရင်တောင်အနည်းဆုံးတော့ ဒီလိုဆိုးဝါးတဲ့ဇာတ်သိမ်းမျိုးမဖြစ်လောက်ဘူးပေါ့ ။

တကယ်တော့ ငါမသိခဲ့ဘူး ဗြောရီကို အဲဒီမှာအခုထိချုပ်နှောင်ထားတာကို တကယ်ကိုမသိခဲ့တာပါ

အဲဒါကြောင့် ငါကဗြောရီလာရှာခဲ့ရင် ပထမတစ်ခါကလို လွဲသွားမှာစိုးလို့ တစ်စက္ကန့်လေးတောင်ဒီနေရာလေးကနေမခွာနိုင်ဘဲသူ့ကိုစောင့်နေခဲ့တာပါ"

ထို့နောက်မင်းသမီးက ဇာတ်ကြောင်းအစအဆုံးကိုရှင်းပြလေသည်။

" ဘာပြောတယ်ဂုံးဂျူ
အခုဘာပြောလိုက်တယ်။
တော်ဝင်လက်ထပ်ပွဲကိုငြင်းဆန်ရတဲ့အကြောင်းအရင်းက
နန်းတွင်းသူလေးတစ်ယောက်ကိုသဘောကျနေမိလို့ပေါ့လေ ဟုတ်လား "

" ဟုတ်ပါတယ်ခမည်းတော်
အဲဒါကြောင့် ဘယ်လောက်ကောင်းတဲ့သူမျိုးကိုပဲဖြစ်ဖြစ် သမီးတော်လက်မထပ်နိုင်ပါဘူး။
သမီးတော်ကို ဒီအတိုင်းလေးပဲ လွတ်လပ်သူဘဝနဲ့တစ်သက်လုံးနေသွားခွင့်ပြုပါ။
မင်းသမီးဆိုတဲ့အဆောင်အယောင် ရာထူးတွေ တော်ဝင်ဘွဲ့တော်တွေကိုရုတ်သိမ်းလည်းရပါတယ်။ အဓိကက သမီးတော်မချစ်မနှစ်သက်တဲ့ဘယ်သူ့ကိုမှလက်မထပ်နိုင်လို့ပါ"

ဘုရင်က
မင်းသမီးစကားကြောင့် ဒေါသထွက်လွန်းလို့အသားတဆတ်ဆတ်တုန်နေပေမယ့် အတတ်နိုင်ဆုံးစိတ်ကိုငြိမ်အောင်ထားပြီး စကားဆက်သည်။

" နန်းတွင်းစည်းကမ်းအရ နန်းတွင်းသူဆိုတာ ဘုရင့်အမျိုးသမီးပဲ တကယ်လို့ မင်းက မင်းသားတစ်ပါးဖြစ်နေရင်တောင် ငါအဲဒီနန်းတွင်းသူကိုမင်းကိုပေးလိုက်တယ်။
အခုတော့ ကြားလို့မှမကောင်း။
ဒီအကြောင်းကို တခြားသူတွေသိလို့မဖြစ်ဘူး။
သိသွားရင် ဆူပူမှုတွေအများကြီးဖြစ်ပြီး နှစ်ယောက်လုံး လူမြင်ကွင်းမှာကွပ်မျက်ခံရတဲ့အထိဖြစ်နိုင်တယ် အဲဒါကိုရော နားလည်လား ။

Blessed-Cursed Where stories live. Discover now