(jeosung saja)/သေမင်း
သေမင်းဆိုတာကတော့ သေဆုံးသွားတဲ့သူတွေရဲ့ဝိဉာဥ်တွေကို နောက်ဘဝဆီကူးနိုင်အောင်လမ်းညွှန်ပို့ဆောင်ပေးရတဲ့သူပါပဲ။ ကိုရီးယားculture မှာတော့ သေမင်းက အနက်ရောင်Hanbokကိုဝတ်ဆင်ပြီး အနက်ရောင်ဦးထုပ်ဆောင်းတယ်လို့ဖော်ပြကြတယ်။
ဂူမီဟို /အမြီးကိုးချောင်းမြေခွေး
ဂူမီဟိုဆိုတာ ကိုရီးယား ဒဏ္ဍာရီလာ သတ္တဝါဖြစ်ပြီး ဂျပန်ရိုးရာအရဆိုရင်တော့ Kitsune နဲ့ဆင်တူပါတယ်တဲ့။
ဂူမီဟိုတွေက မသေမျိုးတော့မဟုတ်ပေမယ့်နှစ်ပေါင်းရာထောင်ချီပြီးအသက်ရှင်သန်နိုင်ကြပါတယ်တဲ့။
ဂူမီဟိုအကြောင်းပါးစပ်ရာဇဝင်အများစုမှာတော့ သူတို့ဟာ မိန်းမလှလေးအသွင်ကိုပြောင်းနိုင်ကြပြီး လူသားယောက်ျားတွေကို အလှအပနဲ့သွေးဆောင်ဖြားယောင်းကာ အသည်းဒါမှမဟုတ်နှလုံး နဲ့ အသွေးအသားတွေကို စားသောက်ကြတဲ့
မကောင်းဆိုးဝါးဝိဉာဥ်တွေပဲလို့ဆိုကြတယ်။နောက်ပိုင်းစာပေတွေမှာတော့ ဂူမီဟိုတွေက သွေးသားဆာလောင်နေတဲ့ လူတစ်ပိုင်းမြေခွေးတစ်ပိုင်းသတ္တဝါတွေဖြစ်ကြပြီး
ညအချိန်ဆို သချိုင်းတွေမှာလှည့်လည်သွားလာကာ ဂူတွေဖောက်ပြီး လောလောလတ်လတ်မြှုပ်နံထားတဲ့အလောင်းဆီက အသည်းနှလုံးတွေကိုတူးယူစားသောက်တတ်ကြတယ်လို့ဆိုကြတယ်။အခြားနိုင်ငံတွေက မြေခွေးဒဏ္ဍာရီတွေနဲ့မတူတာကတော့ ဂူမီဟိုမှာ yeowoo guseul လို့ခေါ်တဲ့မြေခွေးအမြုတေရှိနေခြင်းပါပဲ။
အဲဒီမြေခွေးအမြုတေဟာ မြေခွေးတွေအတွက်တော့စွမ်းအားတွေထုတ်ပေးတဲ့အရင်းအမြစ်ဖြစ်ပြီး လူသားတွေအတွက်ဆိုရင် ဉာဏ်ပညာပွင့်လန်းစေတဲ့ အရာတစ်ခုပါတဲ့
ဂူမီဟိုတွေက yeowoo guseul /မြေခွေးအမြုတေကိုအသုံးပြုပြီးလူသားတွေဆီကနေစွမ်းအင်ကိုစုပ်ယူတတ်ကြတယ်တဲ့အဲလိုစွမ်းအင်စုပ်တဲ့ပုံစံက နက်ရှိုင်းတဲ့အနမ်းနဲ့(a kiss using tongue😝 wikiမှာတော့အဲလိုပဲရေးထားတယ်) ဆင်တူပါတယ်တဲ့။
ဂူမီဟိုတစ်ကောင် လူသားဆီကနေစွမ်းအင်ကိုစုပ်ယူတော့မယ်ဆိုရင် သူ့ရဲ့မြေခွေးအမြုတေကို အဲဒီလူရဲ့ပါးစပ်ထဲကိုထည့်ပေးလိုက်ပြီးစွမ်းအင်တွေစုပ်ယူလိုက်ကာ သူတို့ရဲ့လျှာနဲ့အဲဒီအမြုတေကိုပြန်လည်ယူဆောင်သွားပါတယ်တဲ့ အဲဒါကြောင့် နက်ရှိုင်းတဲ့အနမ်းနဲ့ဆင်တူတယ်လို့ပြောတာပါ။
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...