Arc(Arc4-2) စတေးခံသေမင်းနဲ့ စောင့်မျှော်နေရပါသော구미호

683 95 22
                                    

2000 ခုနှစ် June လ 24 ရက်ဆိုတာ ကျွန်တော့်မွေးနေ့ပဲ ဒါဆို ဒါကကျွန်တော့်ကိုပြောတာများလား။...

2000 ခုနှစ် Juneလ 24ရက်မှာမွေးတဲ့ အသန့်စင်ဆုံးဝိဉာဥ်ပိုင်ရှင်ဆိုတာကျွန်တော်ကလွဲရင် အခြားဘယ်သူမှမဖြစ်နိုင်ပေ။
ဆောင်ဟွန်းhyung ရဲ့ဒိုင်ယာရီစာအုပ်ထဲမှာ ကျွန်တော့်အကြောင်းပါ ပါလာတာမို့ ပိုပြီးစိတ်ဝင်စားမိသွားသည်။
ကျွန်တော်ကဘာလို့များဆောင်ဟွန်းhyungတို့နှစ်ယောက်ရဲ့ဇာတ်လမ်းမှာ မျှော်လင့်ချက်လေးဖြစ်ရတာလဲ။

ဆက်ပြီးဖတ်ကြည့်တော့ အကြောင်းစုံသိလာရသည်။

ဂျယ်ယွန်းတို့မျိုးနွယ်စုက ဂူမီဟိုတစ်ကောင် ဆောင်ဟွန်းhyung ဝိဉာဥ်ကောက်ရတဲ့နယ်မြေအတွင်းမှာ လာရောက်သေဆုံးသွားတာကြောင့် ဆောင်ဟွန်းhyungက ဝိဉာဥ်ကောက်ရင်း မနေနိုင်စွာနဲ့ ဂျယ်ယွန်းအကြောင်းကို စုံစမ်းမိခဲ့သည်။
ထိုအခါမှ ဆောင်ဟွန်းhyungက ဂျယ်ယွန်းအမေဆီက အလိမ်ခံခဲ့ရမှန်းသိလိုက်ရတော့သည်။

ဂျယ်ယွန်းက ဂူမီဟိုမုဆိုးတွေရဲ့လက်ချက်ကြောင့် ထိခိုက်မိပြီး အိပ်ယာထဲလဲသွားခဲ့ချိန်မှာ ဆောင်ဟွန်းhyungက သွားပြုစုပေးရင်း ဂျယ်ယွန်းအမေနဲ့ဆုံဖြစ်ခဲ့ကြသည်။

ဂျယ်ယွန်းအမေက ဂျယ်ယွန်းလူအဖြစ်ပြောင်းစေချင်ရင် သူချစ်တဲ့သူရဲ့အသည်းနှလုံးကိုစားမှ ပြောင်းနိုင်မည်ဆိုသောစကားကြောင့် ဆောင်ဟွန်းhyungက သူ့ရဲ့အသည်းနှလုံးကို ရက်ရက်ရောရောထုတ်ပေးခဲ့ပေမယ့် တကယ်တမ်းတော့ ဂျယ်ယွန်းက သူချစ်တဲ့သူရဲ့အသည်းနှလုံးကိုစားလိုက်မိရင် ဘယ်ဂူမီဟိုမှမယှဥ်နိုင်တဲ့စွမ်းအားတွေနဲ့ မသေမျိုးဂူမီဟိုအဖြစ် ကူးပြောင်းသွားမည်ဖြစ်သည်။

ဂျယ်ယွန်းအမေကတော့ မိခင်တစ်ယောက်ရဲ့ အိပ်ယာထဲလဲနေတဲ့ ကိုယ့်သားလေးကို ပြန်ပြီးကျန်းမာလာစေချင်တဲ့ အတ္တ၊ အထွတ်အထိပ်အကြီးအကဲဖြစ်စေချင်တဲ့ အတ္တနဲ့လုပ်ခဲ့ပေမယ့် အရမ်းချစ်ရတဲ့ချစ်သူနှစ်ယောက်ကိုတစ်သက်တာကွဲကွာသွားစေသည့်အဖြစ်ကိုရောက်မှန်းမသိရောက်သွားခဲ့ရသည်။

ဂျယ်ယွန်းက ဂူမီဟိုနဲ့လူသားလောကကို စည်းခြားထားဖို့  ဘယ်သူမှရောက်မလာနိုင်တဲ့ဝိဉာဥ်ကမ္ဘာထဲထိ ပြောင်းရွှေ့ပစ်ခဲ့သည်တဲ့။
အဲဒါကြောင့် ပြင်ပလောကက အတူရှိခဲ့ဖူးတဲ့နေရာတွေမှာ  ဆောင်ဟွန်းhyungသွားရှာတဲ့အချိန်ဘာမှရှာမတွေ့ခဲ့တာဖြစ်သည်။

Blessed-Cursed Where stories live. Discover now