အိမ်၀န်းကြီးက ကျယ်၀န်းလှပြီး အိမ်ကလည်းကြီးမားလှသည်။
အိမ်ရဲ့ လေးဘက်လေးတန်မှာ ၀င်ပေါက်လေးခုရှိနေပြီး မျက်နှာစာတစ်ခုနဲ့တစ်ခုက တစ်ပုံစံတည်းတူညီနေသည်။အိမ်ထဲကို၀င်သွားလိုက်တော့လည်း လမ်းထောင့်ချိုးတိုင်းက တူညီနေပြီး တစ်နေရာတည်းကိုထပ်ကာထပ်ကာသွားနေရသလ်ိုမျိုးထင်လာစေသည်။
ကျွန်တော်မှာလမ်းပြပေးမယ့်ဒုံဂျာလေးနှစ်ယောက်ရှိနေလို့သာတော်သးသည်။
မဟုတ်ရင် ဒီထဲမှာမျက်စိလည်နေပြီး ဖမ်းမိသွားမှာအသေအချာပင်။
ဖိနပ်ကအသံမထွက်အောင်ထိန်းသွားရတာ ပင်ပန်းလာတာကြောင့် ဖိနပ်ကိုချွတ်ပြီးလက်ကကိုင်လာခဲ့သည်။ရှေ့ကဒုံဂျာလေးနှစ်ယောက်ကိုမျက်ခြေပြတ်မှာကြောက်နေပေမယ့် နောက်က တစ်ခုခုလိုက်လာသလိုခံစားရတာကြောင့်နောက်ကျောကမလုံ။
နောက်လှည့်ကြည့်တော့လည်း ဘာမှမရှိပေ။
အသက်ကိုဖြည်းဖြည်းချင်းမျှင်းရှူကာ သတိထားလျှောက်လာရင်း အရိပ်မည်းကြီးတစ်ခု ဖြတ်သွားတာကိုတွေ့လိုက်ရသည်။
ရှေ့ကသွားနေတဲ့ဒုံဂျာတွေက ရပ်တန့်သွားတာကာ အချက်ပြလာတာကြောင့်နေရာမှာထိုင်ချလိုက်ပြီး မျက်လုံးကိုမှိတ်ကာ အသက်ရှူအောင့်ထားလိုက်သည်။
အေးစက်စက်အရာကြီးက ကျွန်တော့်နားမှာ ဝေ့ဝဲပြီးတစ်စုံတစ်ရာကိုရှာဖွေနေတာကိုခံစားမိတာကြောင့်
ဒုံဂျာလေးပြောတဲ့ အမည်းရောင် ဝိဉာဥ်ဖြစ်မည်ဟုတွေးလိုက်မိသည်။
အမည်းရောင်ဝိဉာဥ်တွေကို မကြုံဖူးတာကြောင့် ဘယ်ကနေဖြစ်လာသလဲ ဘယ်လောက်အန္တရာယ်များသလဲဆိုတာကိုတော့ မသိပေ။အသက်ရှူတွေကြပ်လာပြီး မူးဝေလာတဲ့အချိန်မှ အေးစက်စက်အရာကြီးက အနားမှခွာသွားတာပိုခံစားမိလိုက်သော်လည်းမလှုပ်ရှားရဲသေးပေ။
ဒုံဂျာလေးဆီမှ ရပြီဆိုတဲ့အသံကြောင့် အသက်ကိုအလုအယက်ရှူလိုက်ပြီး နောက်မှဆက်လိုက်လာခဲ့ရာ လမ်းကွေ့တစ်ခုအရောက်တွင် ရှေ့မှ အရိပ်မည်းကြီးဘွားခနဲပေါ်လာသည်။" တွေ့ပြီ ဟားဟားဟား
သန့်စင်တဲ့ဝိဉာဥ်လေးကို ခံစားမိနေတာငါမမှားပါဘူး ဟား ဟား ဟား"
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...