သစ်လုံးအိမ်လေးထဲက သနားစရာ 집귀신-3

417 70 6
                                    

" အွန်းဟက်လေး သတိထားပါဦးကိုယ်ရောက်လာပြီနော် တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကိုယ်သေချာမပြောလိုက်မိလို့ ဒီလိုဖြစ်ရတာ"

အိမ်ရှေ့မှာ ကားတစ်စီးတွေ့လိုက်ရကတည်းက အွန်းဟက် အိမ်ဝင်သွားတာဖြစ်မည်ဟုခန့်မှန်းမိလိုက်တဲ့အတိုင်းပဲ အွန်းဟက်ကို သစ်လုံးအိမ်လေးရှိရာ သစ်ပင်‌ခြေရင်းမှာ လဲကျလျက်သားတွေ့ရပြီး ကယောင်ကတမ်းတွေလည်းရေရွတ်နေတာကြောင့် အသာအယာပွေ့ချီယူလိုက်ပြီး အနီးဆုံးရှိဆေးရုံတစ်ရုံဆီသို့သာအလျင်အမြန်မောင်းလာခဲ့တော့သည်။
.
.

"မမ အွန်းဟက်အခြေအနေဘယ်လိုလဲ"

လေဆိပ်ကနေ အွန်းဟက်ရှိရာဆေးရုံဆီသို့ တန်းလာခဲ့ပြီးနောက် ကလေးရဲ့ အခြေအနေကို အကဲခတ်လိုက်သည်။

မနေ့ကဖြစ်ဖြစ်ချင်းနဲ့စာရင်တော့ အများကြီးတည်ငြိမ်သွားပြီးဖြစ်ကြောင်း ပြောလာတာမို့ အနည်းငယ်တော့စိတ်သက်သာရာရပေမယ့် ဆေးအရှိန်နဲ့ အိပ်မောကျနေနဲ့ အွန်းဟက်ကိုကြည့်ပြီး တော်တော်လေးစိတ်မကောင်းဖြစ်ရသည်။

ကျွန်တော့်တုန်းကလည်း ဒီလိုပဲ အမေတို့စိတ်မကောင်းဖြစ်နေခဲ့မှာ ပိုဆိုးတာက အဲ့ဒီတုန်းက အတွေ့အကြုံလည်းမရှိခဲ့သေးတော့ ဘာလုပ်လို့လုပ်ရမှန်းလည်းမသိခဲ့ပေ။

မျက်လုံးမှာ အဝတ်ကြီးစည်းပြီး ဘဝက အမှောင်အတိဖုံးနေတဲ့တွင်းနက်ကြီးထဲပြုတ်ကျသွားသလိုခံစားခဲ့ရတာဖြစ်သည်။

လောကကြီးကိုအရွဲ့တိုက်ဆဲဆိုမိတာလည်း အကြိမ်ကြိမ်အခါခါပင်။

အခုအွန်းဟက်လေးကကျွန်တော့်လိုဖြစ်လာတဲ့အခါမှာတော့ ကျွန်တော်က ဘေးကနေ အတတ်နိုင်ဆုံးသူ့အတွက် လမ်းညွှန်ပေးပြီး ဆရာဘုန်းတော်ကြီးသင်ပေးခဲ့တဲ့ပညာတွေနဲ့ စည်းကမ်းတွေကို လက်ဆင့်ကမ်းပေးရတော့မည်။
နောက်ပြီး
ဝိဉာဉ်ကမ္ဘာ..
အင်း ဝိဉာဉ်ကမ္ဘာထဲကိုလည်း ခေါ်သွားပေးရတော့မည်။
ကယ်တင်ခံရမယ့် သရဲတစ္ဆေတွေ လှည့်စားတတ်တဲ့သရဲတွေ အနှောက်အယှက်ပေးတတ်တဲ့အန္တရာယ်များတဲ့သရဲတွေအကြောင်း တဖြည်းဖြည်းနဲ့အသားကျလာအောင် ကူညီပေးရတော့မည်။
ဒါပြီးရင်  ဒါပြီးရင်တော့ ကျွန်တော်က သရဲတစ္ဆေတွေကို မြင်နေတဲ့အမြင်အာရုံကနေ လွတ်ငြိမ်းခွင့်ရတော့မည်။
.
.

Blessed-Cursed Where stories live. Discover now