Arc(6-4)ချစ်သော 동자 ရှာပုံတော်ဖွင့်ခြင်း

506 93 16
                                    

Child ghostကို အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော် အစပိုင်းမှာပြောခဲ့ပြီးသားပါပဲ။
အသက် ၃နှစ်ကျော်ကနေ ၁၅နှစ်အတွင်း သေဆုံးသွားပြီး မကျွတ်လွတ်နိုင်တဲ့ကလေးတွေရဲ့၀ိဉာဥ်ကနေဖြစ်လာတဲ့သရဲ တစ္ဆေလေးတွေပါ။

child ghostကို

ယောက်ျားလေးဆိုရင် ဒုံဂျာ( 동자/ dongja)

မိန်းကလေးဆိုရင် ဒုံညော (동녀/ dongnyeo) ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

အရွယ်ရောက်ပြီးသားသာမာန်လူတွေပဲဖြစ်ဖြစ်နတ်၀င်သည်တွေပဲဖြစ်ဖြစ် ဒီ ဒုံဂျာ/ဒုံညော လေးတွေ၀င်ပူးခံရရင် စကားပြောတဲ့အခါကလေးသံလေးတွေထွက်လာပါတယ်တဲ့

ဒီအပိုင်းမှာတော့ ကင်ဆောနူးတစ်ယောက် တကယ့်ဒုံဂျာအစစ်နဲ့တွေ့ရပါတော့မယ်ရှင်😁

( သာသာနာမည်မမှတ်မိတော့လို့ ကိုရီးယားကလေးသရဲဇာတ်ကားလေးတစ်ကားပဲ နတ်၀င်သည်အဖွားကြီးက ကလေးကိုဖမ်းပြီး အိုးကြီးထဲမှာ ထည့်ပိတ်ထားပြီး အစာရေစာပြတ်အောင်လုပ် အားနည်းလာတဲ့အခါ သတ်ပြီး အဲ့ကလေးသေတဲ့အခါ ဒုံဂျာလေးဖြစ်လာတော့ လက်သပ်မွေးပြီးခိုင်းစားတာ
နောက်ဆုံးကျ သူ့ကိုအဲဒီကလေးသရဲကပြန်သတ်သွားတာ အဲဒီဇာတ်ကားလေး ကြည့်ထားတာတော်တော်ကြီးကိုကြာနေပြီဆိုတော့အကုန်မမှတ်မိတော့တာ
ဒီ Arc လေးက
အဲဒီဇာတ်ကားလေးကို inspired ယူပြီးရေးထားတာပါရှင်)

......
.

Password လည်းသိရပြီမို့ နီခီ့အခန်းထဲခိုး၀င်ဖို့သာကျန်တော့သည်။

ဆရာမဟာရူမီလည်းပြန်ထွက်လာတာမတွေ့သေးတော့ ၀င်လို့မရသေးတာကြောင့် အခန်းထဲမှာသာဝင်နားနေလိုက်ပြီး
စိတ်ချရအောင် ညသန်းခေါင်လောက်မှပဲ နီခီ့အခန်းထဲ၀င်ဖို့ စီစဥ်ထား၏။

medical check upကိုလည်း မနက်ဖြန်အတွက်စာရင်းပေးထားတာမို့ဒီနေ့ကတစ်နေကုန်အားနေသေးသည်။

Jo ရှင်းပြသလောက်ကဒီဆေးရုံမှာ
လူချမ်းသာအသိုင်းအ၀ိုင်းက နာတာရှည်ရောဂါသည်တွေနဲ့ သက်ကြီးရွယ်အို အဘိုး
အဘွားတွေအများဆုံးရှိသည်တဲ့

ပိုက်ဆံချမ်းသာပေမယ့် အလုပ်များတာကြောင့် အိမ်ကမိဘဘိုးဘွားတွေကို ကိုယ်တိုင်လည်းအနီးကပ်စောင့်ရှောက်မပေးနိုင် အိမ်အကူတွေနဲ့လည်းစိတ်မချသူတွေအတွက် ကျွမ်းကျင်ဆရာ၀န်သူနာပြုတွေ အကောင်းဆုံးဆေး၀ါးကုသမှုတွေနဲ့ ကိုယ့်အိမ်မှာလိုပဲ အစားအသောက်အနေအထိုင် အရမ်းကောင်းမွန်တဲ့ဒီဆေးရုံက အသင့်တော်ဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။

Blessed-Cursed Where stories live. Discover now