" အရင်ကမိဘမဲ့ကျောင်းလေ။
အဲကျောင်းက ကလေးမလေး နှစ်ယောက်လားမသိဘူး အဲ့ထဲမှာပဲသတ်သေသွားပြီး မကြာဘူး ကျောင်းအုပ်ကရော ရေကန်ထဲခုန်ချပြီးသတ်သေသွားပြန်ရော အဲဒါပြီးတော့ မိဘမဲ့ကျောင်းကို ပိတ်လိုက်ပြီး အိမ်ပြင်ဆောက်လိုက်တာပဲ အဲဒါကြောင့် အိမ်ကတော်တော်ကျယ်နေတာထင်တယ်။
အဲဒီအိမ်က ခိုက်တာသေချာတယ် အခုနှစ်အတွင်းမှာပဲ သေသွားတာနှစ်ယောက်ရှိပြီ ဒီမနက်ပဲ အိမ်ရှင်အသစ်လားမသိဘူး ကောင်မလေးတစ်ယောက်ဝင်သွားတာတော့တွေ့လိုက်တယ် မိန်းကလေးတစ်ယောက်ဆိုတော့ စိတ်တော့ပူမိတယ်။"ထိုအိမ်နဲ့အနီးတစ်ဝိုက်အိမ်တစ်အိမ်ကပြောလိုက်တဲ့စကားကြောင့် ထိုအိမ်ကိုသွားရမှာ အနည်းငယ်တွန့်ဆုတ်မိသည်။
သို့သော်လည်း
ပြသနာအရင်းအမြစ်ဖြစ်တဲ့ ရေကန်က ဒီအိမ်ထဲမှာမို့ ဝင်မကြည့်လို့ကလည်းမဖြစ်ချေ။လူခေါ်ခေါင်းလောင်းကိုနှိပ်ပြီး ဝင်ခွင့်တောင်းတော့ အထဲကမိန်းကလေးကိုယ်တိုင်ထွက်လာပြီး တံခါးဖွင့်ပေးပေမယ့် ချက်ချင်းဝင်ခွင့်မပေးချေ။
ကျွန်တော်တို့ရောက်လာတဲ့အကြောင်းပြောပြီး အကျိုးအကြောင်းရှင်းပြတော့မှ အသာတကြည်ဝင်ခွင့်ပြုသည်။" ဟိုလေ ဒီကအစ်မက မီရာ brand ရဲ့ CEO Miyawaki Sakura ဟုတ်တယ်မလားဟင် "
မမချယ်ချယ်က မေးတော့ ထိုအမျိုးသမီးက ဟုတ်မှန်ကြောင်းဖြေသည်။
" ဟုတ်ပါတယ် ကျွန်မကိုသိတယ်ပေါ့ "
မမက ဝမ်းသာအားရ လက်ကိုဆန့်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
" ကင်ချယ်ဝန်းပါ Miya brand ရဲ့အမာခံပရိတ်သတ်ပါ
မိဘတွေက ကိုရီးယားမှာ Sunshine ဆိုတဲ့နာမည်နဲ့ Electronic Company တစ်ခုတည်ထောင်ထားပြီး
ကျွန်မကတော့ ရွှံ့စေးပန်းပုကိုစိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ကိုင်နေပါတယ် ဒါကတော့ကျွန်မရဲ့မောင်လေး ကင်ဆောနူးပါ"" ချယ်ဝန်းnimကိုအခုမှပဲ မြင်ဖူးတော့တယ်
ကျွန်မတို့ brand ရဲ့ VIP Customerမို့ fashion showပွဲတိုင်းဖိတ်ပေမယ့်တစ်ခါမှမတက်လို့ မဆုံဖူးကြဘူးနော် "" ဟုတ်ကဲ့ ကျွန်မကို ခဏခဏဖိတ်ပေမယ့် အရေးကြီးတဲ့ ရွှံ့စေးပန်းပုပြပွဲနဲ့အချိန်တိုက်သွားလိုက် အရေးကြီးတဲ့ project တွေနဲ့ တိုက်နေလို့မအားလိုက်နဲ့ မရောက်ဖြစ်ဘူး ဒီတစ်ခါတော့ New York အထိသေချာပေါက်ရောက်အောင်လာခဲ့ပါမယ်"
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...