Arc(3-7)ချန်းဒေါ့နန်းတော် မိဖုရားအဆောင်က처년귀신

633 100 31
                                    

တံတားပေါ်မှာခဏရပ်ပြီး ဘေးဘီမှာ ဘာအရိပ်အချေမှမတွေ့တာမို့မြေပုံကိုခဏထုတ်ပြီး လရောင်အောက်တွင်ဖြန့်ကြည့်လိုက်သည်။

" ဒီကနေဆက်သွားရင်ငါတို့လမ်းမှာ နတ်နန်းဟောင်းတစ်ခုကိုကျော်ရဦးမယ် နောက်ပြီး တော်ဝင်တရားရုံးတော်နဲ့ အချုပ်ခန်းလည်း ကျော်သွားရဦးမယ်  နောက်ပြီးမှ ရှေ့ဆက်သွားရင် ဘီဝန်ဆီရောက်မယ်။
ဘီဝန်ထဲမှာ အဝါရောင်ပန်းခင်းကြီးကိုလှမ်းမြင်ရတဲ့သီးသန့်ဆောင်လေးကိုရောက်ရင် ရောက်ပြီ အဲဒီနေရာကသူတို့ပန်းခူးပြီးရင်နားနေကျနေရာလေးတဲ့ တခြားအဆောင်တွေနဲ့ဝေးပြီးအစွန်ဘက်ကျလို့ ဘယ်သူမှသိပ်မလာကြဘူးလို့ပြောတယ်။"

ကျွန်တော်က မြေပုံကိုအာရုံစိုက်ကြည့်နေရင်း သွားရမယ့်လမ်းကြောင်းကိုပြောပြနေပေမယ့်နီခီ့ဆီက စကားပြန်မရတာကြောင့် လှည့်ကြည့်လိုက်တော့ ဘေးမှာဘယ်သူမှမရှိတော့ပေ။

ဟင်နီခီဘယ်ရောက်သွားလဲ

" နီခီ နီခီ..."
ပြန်ထူးသံလည်းမကြားရလို့ ပတ်ဝန်းကျင်မှာလှည့်ပတ်ရှာလိုက်တော့  ရေကန်ထဲမှာရေပွက်တွေတွေ့လိုက်ရပြီး လက်ကကြိုးနီလေးလည်းရေကန်ထဲမှာတွေ့လိုက်ရတာမို့ ဘာမှထပ်မစဥ်းစားတော့ဘဲရေထဲခုန်ဆင်းလိုက်သည်။

ရေထဲမှာ နီခီကတစ်စုံတစ်ခုကနေရုန်းကန်နေရင်းအပေါ်မတက်နိုင်ဖြစ်နေသည်။
သေချာအောင်အနားကိုသွားကြည့်လိုက်တော့ခြေထောက်မှာ ရေမှော်ပင်လိုလိုအရာတွေရစ်ပတ်နေတာကိုတွေ့လိုက်ရသည်။
နီခီ့ခြေထောက်ကနေမှော်ပင်တွေကိုဆွဲဖြတ်မလို့ကိုင်လိုက်တော့ ထင်ထားသလိုရေမှော်ပင်တွေမဟုတ်ဘဲ ဆံပင်တွေဖြစ်နေတာကိုတွေ့လိုက်ရသည်။
ရစ်ပတ်နေတဲ့ဆံပင်တွေကိုဖြည်ပေးနေတုန်း ကျွန်တေယ့်ခြေထောက်ကိုပါ လာရစ်ပတ်နေတဲ့ ဆံပင်တွေရဲ့အထိအတွေကိုခံစားလိုက်ရပြီး ရင်ထဲမှာထိတ်လန့်လာသည်။
ဒါက ရေသရဲပဲဖြစ်မည်။

ကြည့်နေရင်းနဲ့ဆံပင်တွေကတဖြည်းဖြည်းများလာပြီး
နှစ်ယောက်လုံးကိုရေနက်ရာပိုင်းကိုဇွတ်ဆွဲချနေသည်။

ထိုအခိုက်မှာပင် ရေပြင်အောက်ခြေဆီမှ အလင်းရောင်အချို့နဲ့အတူ ကြီးမားလှသော လိပ်ကြီးတစ်ကောင် ထွက်ပေါ်လာပြီးကျွန်တော်တို့နားမှာ လာရောက်ကူးခပ်နေသည်။ လိပ်ကြီးဆီမှ အလင်းရောင်ကြောင့်ခြေထောက်မှာလာရစ်သိုင်းနေတဲ့ဆံပင်ချည်တွေက ပြေလျော့သွားပြီးချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။
နီခီကတော့ခြေကုန်လက်ပန်းကျပြီး မေ့မြောနေရှာသည်။
ကျွန်တော်လည်း အသက်ရှုအောင့်ထားရတာကြာပြီမို့ လိပ်ကြီးကိုတစ်ချက်ဦးညွတ်လိုက်ပြီး နီခီကိုဆွဲကာရေပြင်ပေါ်ပြင်တက်လာခဲ့သည်။

Blessed-Cursed Where stories live. Discover now