" hyung သရဲက ဝတ်စုံအဖြူနဲ့ ဆံပင်ဖားလျားချထားတယ်လို့ပြောလိုက်တာမလား hyung ပြောပုံအရဆို ချောညောန်ဂွီရှင်ပဲ
အဲဒါဆိုသူက မိဖုရားတော့မဖြစ်နိုင်ဘူးထင်တယ်နော်
နန်းတွင်းသူတို့ရှန်ကုန်းတို့ဖြစ်မယ်ထင်တယ်
ဘယ်လိုပဲတွေးတွေး ကျွန်တော်ဒီပုံစံအတိုင်းဝင်လို့ဖြစ်မယ်မထင်ဘူး "
ကျွန်တော့်စကားကို hyungကထောက်ခံသည်။" ဟုတ်တယ် ငါလည်းအဲဒါပြောမလို့ အခုပဲ အကြံရတာ ငါတို့ နန်းတွင်းသူဝတ်စုံ ဝင်ဝယ်ရအောင် "
"နန်းတွင်းသူဝတ်စုံက ဘယ်သူ့အတွက်လဲ "
hyungရဲ့စကားကိုရုတ်တရက်သဘောမပေါက်တာမို့ပြန်မေးလိုက်မိသည်။
" မင်းအတွက်လေ
ဒီပုံစံအတိုင်းဝင်သွားရင် မင်းလည်းမောင်းထုတ်ခံရမှာပဲ နောက်ပြီး တစ်ခုခုလုပ်လိုက်မှာစိုးလို့ စိတ်မချဘူး အဲဒီတော့ နန်းတွင်းသူလိုလေးဝတ်ပြီး ဝင်သွားရင် မိန်းကလေးထင်ပြီး ခြောက်ချင်မှခြောက်မှာပေါ့အဓိကက ငါတို့ကျန်ခဲ့တဲ့ပစ္စည်းလေးတွေအရင်ဆုံး အပြင်ထုတ်ပြီးသွားမှ ကျန်တာဘာဆက်လုပ်မလဲ
အခြေအနေကြည့်ရမှာ
ဆိုတော့မောင်းထုတ်မခံရဘဲ ထိခိုက်အနာတရမဖြစ်ဘဲ အထဲကိုအရင်ဝင်လို့ရဖို့ကအဓိကပဲ "" အဲဒါဆို အစတည်းက အခန်းထောင့်ဂိမ်းကိုမကစားခဲ့ပါနဲ့လား နန်းတွင်းသူဝတ်စုံကြီးက ပြေးရလွှားရမလွယ်ဘူးလို့
hyungဝတ်ပြီးဝင်သွားပါလား။"" ငါ့မျက်နှာကြီးကိုသူက အနီးကပ်မြင်ထားတာ မမှတ်မိဘဲနေပါ့မလား
မင်းကကျတော့ မတူဘူးလေ သူကမင်းကိုမမြင်ဖူးသေးဘူး
ပြီးတော့ သရဲတွေမင်းကိုသဘောကျကြတယ်ဆိုတော့အနည်းဆုံးပစ္စည်းလေးတွေပြန်ယူခွင့်ရဖို့လေးပဲခွင့်တောင်းကြည့်ရင် အဆင်ပြေချင်ပြေမှာပါဆောနူးရယ်နော်"နောက်ဆုံးမှာတော့ မင်ဂယူhyungပြောသလို နန်းတွင်းသူဝတ်စုံဝင်ဝယ်ပြီးတစ်ခါတည်းဝတ်လာခဲ့လိုက်သည်။
.
.
." အပေါ်ထပ်ဝတ်ကတိုလိုက်တာ ရှည်တာမရှိဘူးလား "
မင်းဂယူhyungက ကားပါကင်ထိုး လက်မှတ်ဝယ်နဲ့ အလုပ်ရှုပ်နေတုန်း
တစ်ချိန်လုံးငြိမ်နေတဲ့ နီခီဆီက အသံထွက်လာသည်။
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...