Arc(5-3) ထူးဆန်းစွာရောက်လာသော 물귀신

577 94 8
                                    

ရေထဲရောက်သွားတော့ တစ်စုံတစ်ရာက ကျွန်တော့ကိုရေထဲနစ်သည်ထက်နစ်အောင်ဆွဲယူနေတာသိလိုက်ပေမယ့် ရုန်းကန်ဖို့တွေဝေနေမိသည်။

" ဆင်းခဲ့ ဆင်းခဲ့ အောက်ရောက်လာလေ ချစ်ရတဲ့သူနဲ့
အတူရှိဖို့နီးစပ်လာလေပဲ "
ကြားနေရတဲ့အသံအေးစက်စက်ကြီးက စိတ်ကိုညှို့နေသလို
ပြောသမျှကိုလိုက်လုပ်ချင်လာပြီး နီခီနဲ့ တကယ်ကြီးနီးစပ်လာတော့မယ်လို့ထင်လာသည်။

တစ်ခါတစ်လေတော့ချစ်ရသူနဲ့အတူတူဖြစ်နိုင်ဖို့ စွန့်စားရဲတဲ့ ဆောင်ဟွန်းhyungကိုအားကျသည်။

ကျွန်တော်လည်းနီခီနဲ့ဘဝတူဖြစ်ဖို့ နီခီ့နောက်ကိုလိုက်ဖို့ရွေးချယ်လိုက်တော့မယ် လို့တွေးလိုက်မိခြင်းနဲ့အတူ ခြေထောက်ကိုဆွဲယူနေတဲ့တစ်စုံတစ်ရာခေါ်ဆောင်ရာရေနစ်ပိုင်းဆီသို့သာ အလိုက်သင့်လိုက်ပါလာခဲ့သည်။

နီခီ ငါတို့ တစ်ခါလောက်မိုက်ရူးရဲဆန်ကြည့်ကြမလား။

အောက်စီဂျင်မလုံလောက်တော့ဘဲ သေလောက်အောင်  မွန်းကြပ်လာပြီး အဆုတ်တစ်ခုလုံးပေါက်ထွက်တော့မယ်ထင်ရချိန်မှာ ခါးပေါ်ကိုရောက်လာတဲ့လက်တစ်စုံရဲ့အထိအတွေ့နဲ့အတူ ရေပေါ်ကိုဆွဲယူခံလိုက်ရသည်။

ဝိဉာဥ်ကမ္ဘာကိုရောက်မှတွေ့ရတာမို့တွေ့ရချိန်နည်းပါးပေမယ့် ဒါကနီခီ့ရဲ့လက်တွေပဲဆိုတာ သေချာပေါက်သိလိုက်သည်။

အဆိုးလေးကတော့ သူ့နောက်လိုက်ခဲ့ချင်ပါမယ်ဆိုမှ ခွင့်မပြုချင်ပြန်ဘူး။

ရေပေါ်ရောက်လာတော့ မောပန်းနွမ်းနယ်ပြီး အဆုတ်ထဲကိုအောက်စီဂျင်တွေအလုအယက်ရှူသွင်းနေမိသည်။

" ဆောနူးစံ ဆောနူးစံ "

နားနားကပ်ပြီးခေါ်သံကြောင့် သတိဝင်လာတော့ ရေကန်ဘေးမှာမဟုတ်ဘဲ အိပ်ယာပေါ်မှာရောက်နေသည်။

ဒီညအတွက် ဒုတိယအကြိမ်မြောက်အိပ်မက်မက်ခြင်းပဲ ။

ပထမအိပ်မက်မှာတော့ နီခီနဲ့ ကြည်နူးနေရသလောက်
ဒုတိယအိပ်မက်ကတော့ မွန်းကြပ်စရာ..
အိပ်မက်နှစ်ခုလုံးက အပြင်မှာတကယ်ကြီးဖြစ်နေသလို ထင်ထင်ရှားရှားဖြစ်နေတာလည်းထူးဆန်းသည်။

Blessed-Cursed Where stories live. Discover now