Arc (6-1) ချစ်သော 동자 ရှာပုံတော်ဖွင့်ခြင်း

555 97 12
                                    

Memory stickကိုဖျက်ဆီးပြီးနောက် စားပွဲပေါ်မှာ အခြောက်ခံထားတဲ့ စာခေါက်လေးကိုမပြဲအောင် သေချာဂရုတစိုက်ဖြန့်ပြီး စာကိုဖတ်ကြည့်လိုက်သည်။

လေးစားရပါသော Miyawaki မိသားစုအကြီးအကဲများရှင်

ကျွန်မတို့ဂေဟာက ကလေးတွေရဲ့မတရားခံရမှုကိုအရဲစွန့်ပြီး ​ပြောပြအကူအညီတောင်းခံပါရစေရှင့်...

ဟု အစချီကာ ဂေဟာမှာဖြစ်ပျက်ခဲ့သမျှကို အကြောင်းစုံရှင်းပြပြီးအကူအညီတောင်းထားတာဖြစ်သည်။

စာအရ ဒီကျောင်းက်ိုတည်ထောင်ခဲ့တဲ့ ၁၅နှစ်အတွင်း အသတ်ခံရတဲ့မိန်းကလေးအရေအတွက်မှာ သူသိသလောက် ၆ယောက်ခန့်ရှိကြောင်း၊

အကုန်လုံးကိုရေကန်ကြီးထဲမှာ ရေနှစ်သတ်ခဲ့တာဖြစ်ကြောင်း၊

ထိုထဲမှနှစ်ယောက်ကိုရေကန်ကြီးထဲကိုယ့်ဘာသာခုန်ချသတ်သေတယ်လို့သတင်းလွှင့်ပြီး၊
ကျန်တဲ့လေးယောက်ကိုတော့ဂေဟာမှာမနေချင်လို့ထွက်ပြေးသွားတယ်ဆိုပြီး လူပျောက်တိုင်ထားကြောင်း၊

ထိုလေးယောက်ရဲ့အလောင်းတွေကိုတော့ ဘယ်မှာစွန့်ပစ်ထားမှန်းမသ်ိရကြောင်းရေးထားသည်။

မိဘမဲ့ကလေးတွေမို့ စိတ်ပူပြီးနောက်ကလိုက်စုံစမ်းမယ့်သူလည်းမရှိတာကြောင့် အယုတ်တမာကျောင်းအုပ်ကလုပ်ချင်တိုင်းလုပ်ခွင့်ရနေတာဖြစ်ကြောင်း၊

အများအမြင်မှာတော့ မိဘမဲ့ကလေးတွေအပေါ်မေတ္တာကြီးမားပြီး ဖခင်ရင်းသဖွယ် အနစ်နာခံစောင့်ရှောက်နေသူတစ်ယောက်အဖြစ်ဟန်ဆောင်နေတာကြောင့်အများက သူ့ကိုလေးစားရိုသေနေကြတာ​မို့ နောက်ခံမရှိ ဘာအင်အားမှမရှိတဲ့ သူမလိုမိဘမဲ့တစ်ဦးရဲ့စကားထက် နောက်ခံအင်အားတောင့်တင်းပြီးငွေကြေးချမ်းသာတဲ့အထက်တန်းလွှာမိသားစုဖြစ်တဲ့ Miyawakiမိသားစုတွေရဲ့စကားကို လူတွေက ပိုပြီးယုံကြည်ပေးကြမှာဖြစ်ကြောင်း၊

ထို့ကြောင့် ဒီကိစ္စတွေကို မတရားခံရတဲ့မိဘမဲ့ကလေးတွေကိုယ်စား Miyawaki မိသားစုကပဲ တရားရုံးမှာဦးတိုက်လျှောက်ထားပြီး အယုတ်တမာ​ကျောင်းအုပ်ကိုထိုက်ထိုက်တန်တန်အပြစ်ပေးစေချင်ကြောင်း
အားကိုးတကြီးတောင်းဆိုထားတာတွေ့ရသည်။

Blessed-Cursed Where stories live. Discover now