Arc(4-9)စတေးခံသေမင်းနဲ့ စောင့်မျှော်နေရပါသော구미호

718 105 12
                                    

" ပြန်ရောက်ရောက်ချင်းက ဟီးဆွန်းhyungနဲ့ အချေအတင်ဆွေးနွေးနေတာမို့ နည်းနည်းကြာသွားတာ။

Hyung က တကယ်တော့ ကျွန်တော့်အကိုအရင်းမဟုတ်ဘူးဆုံးသွားတဲ့အမေ့မိတ်ဆွေရဲ့သားကိုပြန်မွေးစားထားတာမို့ Hyungက ခေါင်းဆောင်နေရာကိုယူဖို့ဝန်လေးနေတာ။

ကျွန်တော်ကလည်းအခုလောလောဆယ်ခေါင်းဆောင်နေရာသာယူထားပေမယ့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖွဲ့ပြီး အာဏာလွှဲထားတာကြာပြီဆိုတော့ ဘာကိုမှသိပ်ဝင်မစွက်ဖက်ဖြစ်တာကြာပြီ။

အခု ကျွန်တော်သွားရတော့မှာဆိုတော့ စိတ်ချရတဲ့သူက အကိုပဲရှိတာလေ။

သူ့ကိုသေချာလေးနားချပြီး ခေါင်းဆောင်နေရာကိုလွှဲခဲ့လိုက်တာ။"

ဂျယ်ယွန်းကသေချာလေးရှင်းပြတော့မှ ဟီးဆွန်းhyungက ဂျယ်ယွန်းအကိုအရင်းမဟုတ်တာကိုသိခဲ့ရပေမယ့် စိတ်ထဲမှာဘယ်လိုမှပြောင်းလဲမသွားပေ။
ဟီးဆွန်းhyungက ဂျယ်ယွန်းကိုညီလေးအရဂ်းလိုစောင့်ရှောက်ပေးတာ ကျွန်တော်သိနေတာပဲလေ။

" ​ယောက်ဖရှိနေလို့တော်သေးတာပေါ့ ။
ဒါနဲ့ ဒီဓားက ဘာလုပ်ရမှာလဲကိုယ့်ကိုသေချာပြောပါဦး။
ဂျယ်ယွန်းက မသေမျိုးဖြစ်သွားတာကိုယ်ကယ်လို့ရသေးလား "

စားပွဲပေါ်က ဂျယ်ယွန်းပေးထားတဲ့ဓားကြောင့် အနည်းငယ်စိတ်လေးနေတာမို့ သေချာအောင်မေးလိုက်တော့ ဂျယ်ယွန်းက သက်ပြင်းချသည်။

" ကျွန်တော်တို့နှစ်ယောက်လွတ်မြောက်ရမယ့်လမ်းမှာ အမြဲစိတ်ဒဏ်ရာဖြစ်စရာတွေတစ်ခုမဟုတ်တစ်ခုကြုံရတယ်။

ဆောင်ဟွန်းကျွန်တော့်ကိုသေချာကြည့် ကျွန်တော်မသေမျိုးဘဝကနေလွတ်မြောက်နိုင်မယ်နည်းလမ်းက တစ်ခုပဲရှိတယ်။

အဲဒါက ကျွန်တော့်ကိုဒီဘဝရောက်စေခဲ့တဲ့ခင်ဗျားကိုယ်တိုင် ခင်ဗျားလက်နဲ့အဆုံးသတ်ပေးဖို့ပဲ "

အလေးအနက်ပြောနေတဲ့ဂျယ်ယွန်းစကားတွေကြောင့် အနည်းငယ်စိတ်ထင့်မိလာသည်။

" ကိုယ့်လက်နဲ့အဆုံးသတ်ရမယ်ဆိုတာဘာကိုပြောတာလဲကိုယ်က ဒီဓားနဲ့ ဂျယ်ယွန်းကို....

Blessed-Cursed Where stories live. Discover now