ဇာတ်သိမ်းပိုင်း

774 97 18
                                    

ရုတ်တရက်မို့ အခန်းထဲဆွဲခေါ်ခံလိုက်ရတော့ ​​ရုန်းကန်ချိန်မရဘဲ ပါလာခဲ့သည်။

" ဆောနူးစံ "

ဘယ်လောက်ရှာရှာ ရှာမတွေ့ဘဲ အပုန်းကောင်းနေတဲ့ တစ်ယောက်သောသူက အခုတော့ကျွန်တော့်ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာခဲ့သည်။ဒီအသံလေးကိုမကြားရတာ ဘယ်လောက်ကြာပြီလဲ။

ဒီအတောအတွင်း ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေလဲ
ဘယ်လ်ိုများအဆက်အသွယ်မလုပ်ဘဲနေနိုင်ရတာလဲ
ဘာကြောင့်ထားသွားတာလဲ
ရင်နဲ့မဆံ့အောင်မေးခွန်းတွေအများကြီးရှိနေခဲ့ပေမယ့် ဘာမှမမေးန်ိုင်ဘဲ နေရာမှာတင် မလှုပ်မယှက် ရပ်နေမိပြီး မျက်ရည်တွေသာ အတားအဆီးမရှိကျလာခဲ့သည်။

" ဆောနူးစံ ကျွန်တော့်ကို အရမ်းစိတ်ဆိုးနေပြီလား ကျွန်တော်မကောင်းတာပါ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုဆူပါဦး"

ထိုသို့ပြောကာ ရင်ခွင်ထဲကိုဆွဲသွင်းပြီးတင်းကြပ်စွာပွေ့ဖက်ထားတဲ့ လူဆိုးကောင်ရဲ့ကျောပြင်ကိုသာထုရိုက်လိုက်မိသည်။

"လာချင်တိုင်းလာ ထွက်သွားချင်တိုင်းထွက်သွားပြီး မင်ကငါ့ကို ဘယ်လိုသဘောထားနေတာလဲ

ထွက်သွားရတဲ့အကြောင်းအရင်းလေးကိုတောင် အရေးတယူလုပ်ပြီးမပြောနိုင်လောက်အောင် ငါက မင်းအတွက် အဲလောက်လေးတောင်အရေးမပါဘူးပေါ့ဟုတ်လား

အမှောင်မိုက်ဆုံးအချိန်တွေမှာအတူရှိနေပေးလို့တန်ဖိုးထားတယ်ဆိုတာတွေက အလိမ်အတွေမလား မင်းခြေထောက်လေးမကောင်းတာနဲ့ ငါက မင်းကိုပစ်သွားမယ်ထင်နေတာလား
ဘာလို့အဲလိုလုပ်ရက်ရတာလဲ လူဆိုးကောင်ရဲ့ "

တရစပ်ထုရိုက်နေပေမယ့် နည်းနည်းလေးတောင်တွန့်ဆုတ်မသွားဘဲ ပိုတိုးဖက်လာတာကြောင့် အသက်ရှူတွေပင်ကြပ်ချင်ချင်။

" ဆောနူးစံ ရင်ထဲ တင်းကြပ်နေသမျှကျွန်တော့်ကိုဆူပြီးသွားရင် ကျွန်တော်ရှင်းပြတာကိုနားထောင်ပေးနော်
မဟုတ်သေးဘူး
ရှင်းပြတာကိုနားမထောင်ခင် အရမ်းလွမ်းနေလို့ ခဏလောက်
နမ်းခွင့်လေးပေးပါဦး "

Blessed-Cursed Where stories live. Discover now