Arc(2-6)၆လွှာက 콩콩귀신

625 101 11
                                    

အေးစက်မှုနဲ့ထုံကျဥ်လာတဲ့ပခုံးကြောင့်နီခီ့ကိုအသာအယာတွန်းဖယ်လိုက်သည်။

" တောင်းပန်ပါတယ် ဆောနူးစံသွေးထွက်နေတော့ စိုးရိမ်သွားတာနဲ့ သက်သာအောင်လုပ်ပေးမိတာပါ တမင်အသားယူတာမဟုတ်ပါဘူး "

သူရှင်းပြမှပို၍ပင်နေရခက်သွားသည်။

အင်္ကျီကိုပြန်ဆွဲတင်ရင်း ထွက်ပေါက်ကိုလိုက်ရှာကြရန်နှစ်ယောက်သားတိုင်ပင်လိုက်ကြသည်။

ခုံ ခုံ သရဲ콩콩귀신 သေဆုံးရသည့်ဖြစ်စဥ်ကိုသိလိုက်ရသော်လည်း သူဘာကိုစိတ်စွဲပြီးမကျွတ်လွတ်နိုင်ဖြစ်နေရသည်ကိုစဥ်းစား၍မရနိုင်ဖြစ်ရသည်။

ခုဏလေးတင်မြင်ခဲ့ရသောဖြစ်စဥ်မှာ
ခုံ ခုံသရဲ콩콩귀신ဖြစ်လာသူ ဟယ်ဂျောင်း ဆိုတဲ့ကျောင်းသူလေးရော
သူ့ကိုသတ်လိုက်တဲ့ကျောင်းသားရော ဟယ်ဂျောင်း ရဲ့ချစ်သူ ထယ်ဆော့ဆိုသူရော၃ယောက်လုံးက အသွင်အပြင်ထင်ထင်ရှားရှားမြင်ရတာမို့ သေဆုံးပြီးသူများဖြစ်မည်မှာသေချာသည်။

သူ့ကိုသတ်တဲ့သူလည်းသေသွားပြီပဲ သူက ဘာကိုအငြိုးအတေးတွေဆက်ရှိနေပါလိမ့်။

ဟယ်ဂျောင်း ကိုသတ်လိုက်တာ အခြားတစ်ယောက်ဆိုပေမယ့်
ဟယ်ဂျောင်းချစ်သူ ထယ်ဆော့မှာ ချစ်သူသေဆုံးသွားသည့်အပြင် ထိုနေရာမှာ အခြားကျောင်းသားကျောင်းသူများ၏သံသယဖြစ်ခြင်းကိုခံခဲ့ရတာမဟုတ်ပါလား။

ထယ်ဆော့ကို အခြားသူများကသံသယဝင်စေရန် ဦးဆောင်ပြောသူမှာ လက်ရှိ မင်ဂျီတို့ဆရာမဖြစ်လာမည့်ကျောင်းသူပင်ဖြစ်သည်။

ထိုကျောင်းသူနဲ့လူသတ်သမားကြားမှာ ဆက်စပ်မှုများရှိနေလေသလားမသိပေမယ့် တော်တော်တော့သံသယဝင်စရာကောင်းနေသည်။

တကယ်လို့ ဟယ်ဂျောင်းသာသေသွားရင် သူ့မှာဘာအကျိုးအမြတ်တွေများရနိုင်မှာမို့လဲ။

ရွှေတံဆိပ်ရချင်တယ်ဆိုရအောင်လည်း ဟယ်ဂျောင်းမရှိရင် ရွှေတံဆိပ်ရမယ့်သူက ထယ်ဆော့လေ သူမှမဟုတ်တာ။

တကယ်လို့များ တကယ်လို့များပေါ့လေ အဲဒီ့ဆရာမဖြစ်လာမယ့်ကျောင်းသူက တတိယနေရာဆိုရင်တော့ ဖြစ်နိုင်ချေအများကြီးရှိသွားချေပြီ။

Blessed-Cursed Where stories live. Discover now