Arc(5-6)ထူးဆန်းစွာရောက်လာသော 물귀신

507 93 15
                                    

ကျွန်တော်တို့အကုန်လုံး အခန်းကိုပြန်မအိပ်တော့ဘဲ ဧည့်ခန်းထဲမှာပဲ စုထိုင်နေလိုက်ကြသည်။

အစ်မဆာကူရာက အစောပိုင်းတော့ အရမ်းကြောက်နေပေမယ့် တဖြည်းဖြည်းနဲ့သူ့အစ်မအကြောင်းတွေးမိလာပုံပေါ်သည်။

" မမက ငါ့ကို အပြစ်မမြင်ဘဲ ကယ်ချင်နေသေးတာ ငါကတော့ မမရဲ့နောက်ဆုံးအချိန်မှာလည်းမရှိနိုင်ခဲ့ဘူး
အခုလည်းမမကိုကျွတ်လွတ်အောင် ကယ်မပေးနိုင်ဘဲ ထွက်ပြေးဖို့စဉ်းစားနေသေးတာ "

ထိုသို့ပြောရင်းဝမ်းနည်းစွာငိုချလိုက်တော့ မမက ကြိုးစားပြီးနှစ်သိမ့်ပေးရှာသည်။

" မနက်ဖြန်ကျ မမတို့နှစ်ယောက် ဒီမှာမအိပ်နဲ့ ကျွန်တော့်ကို ဝိဉာဉ်ကမ္ဘာ ထဲဝင်လို့ရမယ့်ပစ္စည်းယူပေးပြီးတာနဲ့ နောက်တစ်ရက်နေမှ အခြေအနေလာကြည့်ပေး။

၂၄နာရီပြည့်လို့ကျွန်တော်မနိုးလာသေးရင် ကျွန်တော့်ကိုနှိုးပေးနော်။

လုံးဝကြီးအာမ မခံနိုင်ပေမယ့် အစ်မရဲ့အစ်မကိုရော ဒီထဲကကျန်တဲ့တစ္ဆေ တွေအားလုံးကိုရော ကျွန်တော် အတတ်နိုင်ဆုံး ကယ်ပေးပါ့မယ်"

.
.
နောက်နေ့မနက်မှာတော့ အစ်မဆာကူရာရဲ့အိမ်ကိုသွားပြီး
မိဘမဲ့ကျောင်းဖွင့်စဉ်က ကျောင်းက ကလေးတွေ လက်ဆောင်ပို့ပေးတဲ့ လက်မှုပစ္စည်းလေးတွေထဲကတစ်ခုကို ယူကာ ရေကန်ရှိသောအိမ်ကိုပြန်လာခဲ့သည်။

လက်မှုပစ္စည်းလေးကား တစ်ခါသုံး ပလတ်စတစ်ပိုက်တွေနဲ့ပြန်လည်ဖန်တီးထားတဲ့ ငှက်ရုပ်လှလှလေးပင်ဖြစ်သည်။
ဒါလေးကိုဖန်တီးတုန်းက ဖန်တီးတဲ့ကလေးရဲ့စိတ်ထဲမှာ ငှက်ကလေးတစ်ကောင်လိုအဝေးကိုပျံထွက်သွားချင်နေခဲ့မလား။

ဒီကလေးက သေဆုံးပြီးသားသူတွေထဲမှာ ပါနိုင်သလို အသက်ရှင်နေဆဲလည်းဖြစ်နိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂေဟာမပိတ်ခင်က ဖန်တီးခဲ့တဲ့ပစ္စည်းမို့ ထိုအချိန်ကိုပြန်သွားလို့ရဖို့သာအရေးကြီးသည်။

ဖန်တီးသူက ဘယ်သူပဲဖြစ်ဖြစ် သိပ်တော့ကိစ္စမရှိလှပေ။

သို့သော်အတတ်နိုင်ဆုံးတော့ အသက်ရှင်နေပြီး လောကကြီးထဲမှာ လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ကြီးပျင်းလာနိုင်ရင်ကောင်းမှာပဲဟု တွေးမိသည်။
.
.

Blessed-Cursed Where stories live. Discover now