Arc (4-3) စတေးခံသေမင်းနဲ့ စောင့်မျှော်နေရပါသော구미호

675 106 15
                                    

အိမ်ကိုရောက်တာနဲ့ ဆောင်ဟွန်းhyungအိမ်သွားအိပ်မှာဖြစ်ကြောင်း အမေ့ဆီခွင့်တောင်းနေတာကို မမကကြားသွားပြီး အထိတ်တလန့်နဲ့  အခန်းထဲဆွဲခေါ်လာသည်။

" ဆောနူး
နင် ငါ့ကိုမှန်မှန်ပြောစမ်း ဆောင်ဟွန်းနဲ့နင်နဲ့ တွဲနေကြပြီလား။ဆောင်ဟွန်းအိမ်ကိုလည်း အခုတလောခဏခဏသွားပြီးမုန့်တွေပို့နေတာတွေ့တယ်။
ဆောင်ဟွန်းကိုငါဖုန်းဆက်ရမယ် ငါဖြင့်အခုမှသိတာကိုသူက ငါ့မောင်ကို ပိုင်စိုးပိုင်နင်းနဲ့ အိမ်ပြန်မလွှတ်နိုင်တွေဖြစ်နေတာတော့လွန်တာပေါ့ "

မမက ကျွန်တော်နဲ့ဆောင်ဟွန်းhyungကိုအထင်တွေလွဲပြီး ဖုန်းတွေဆက်မယ်ဇွတ်လုပ်နေလို့မနည်းတားထားရသည်။

" ချယ်ချယ်ရယ် နင်ထင်ချင်တာတွေ လျှောက်ထင်မနေနဲ့ သူ့မှာချစ်သူရှိပြီးသား ငါကဒီအတိုင်း သူ့ကိုကူညီပေးစရာလေးရှိလို့သွားမှာ ဟုတ်​ပြီ လား "

မမက လက်မခံနိုင်သေးတဲ့ပုံစံဖြင့်ဆက်ပြောလာသည်။

" ဆောနူး ငါပြောမယ် ပတ်ဆောင်ဟွန်းကလေ အထက်တန်းကတည်းက ငါ့သူငယ်ချင်းအရင်းခေါက်ခေါက်ပါဟဲ့ အရမ်းချောလို့သဘောကျတဲ့သူတွေတအားများပေမယ့် ဘယ်သူ့ကိုမှလည်းစိတ်မဝင်စားခဲ့ဘူး ဘယ်သူ့ကိုမှလည်းပြန်မကြိုက်ခဲ့ဘူး ရည်းစားထားတာလည်းတစ်ခါမှမမြင်ဖူးဘူး ရည်းစားရှိရင် သူက ငါတို့ကိုပြောမှာပေါ့ နင်ငါ့ကိုလာရွှီးမနေနဲ့"

မမနဲ့တော့ခက်ပြီ

" သူ့ချစ်သူကို နင်ကတော့ဘယ်တွေ့ဖူးမလဲမမရယ် သူ့ချစ်သူက မမြင်နိုင်တဲ့လောကမှာရှိနေခဲ့တာလေ
ငါအခုသွားပြီးကူညီမယ်ဆိုတာလည်းအဲ့ဒီကိစ္စပဲ သူ့ချစ်သူနဲ့ပြန်တွေ့နိုင်ဖို့ ကူညီချင်လို့ "

ထိုအခါမှ မမလည်းအံ့သြပြီးငြိမ်ကျသွားသည်။

" တကယ်လား ငါတို့တကယ်မသိခဲ့ဘူး။
ဆောင်ဟွန်းက အဲဒါကြောင့်အမြဲ အထီးကျန်သလိုဖြစ်နေတာကိုး
အဲလိုကျ ငါ့သူငယ်ချင်းလေးသနားပါတယ်။

ငါ့မောင်လေးလည်းသနားပါတယ်။
crushကိုသူ့ချစ်သူနဲ့ပြန်တွေ့နိုင်ဖို့ ကူညီပေးရတယ်ဆိုတော့ နင်ဘူပိတ်တာတော်ယုံမဟုတ်ဘူးပဲ package လိုက်ကြီး "

Blessed-Cursed Where stories live. Discover now