Arc (6-5)ချစ်သော 동자 ရှာပုံတော်ဖွင့်ခြင်း

506 86 4
                                    

Jo က ကားပါကင်မှာ ကားသွားထုတ်နေစဥ် ကျွန်တော်နဲ့Harua က ဒုံဂျာလေးနောက်ကိုလိုက်လာခဲ့သည်။

Harua ကတော့ ထိုဒုံဂျာလေးကို မမြင်ရတာကြောင့် ကျွန်တော့်နောက်မှသာ ယောင်လည်လည်နဲ့လိုက်လာခဲ့သည်။

ဆေးရုံအဆောက်အဦးရဲ့တံခါးကနေထွက်လိုက်တာနဲ့ ဆေးရုံ၀န်းထဲမှာ ဥဒဟိုသွားလာနေတဲ့ သရဲတစ္ဆေများကို သန်းခေါင်ယံအချိန်မှာ တွေ့နေရတာကိုပင်မလန့်အားတော့ဘဲ ရှေ့ကဒုံဂျာလေးကိုသာ မျက်ခြေပြတ်မသွားအောင် အာရုံစိုက်ထားလိုက်သည်။

ထိုဒုံဂျာလေးက ဆေးရုံ၀န်းရဲ့အပြင်ကိုထွက်မသွားသေးဘဲ ဆေးရုံပန်းခြံထဲမှ သစ်ပင်တန်းရှိသစ်ပင်တွေအများကြီးထဲက နီခီ့အခန်းနဲ့တည့်တည့်လောက်မှာရှိတဲ့ သစ်ပင်ကြီးတစ်ပင်ရှေ့မှာ ရပ်လိုက်သည်။

ထို့နောက် ကျွန်တော့်ကိုလက်ယပ်ခေါ်ပြီး ထိုသစ်ပင်ကြီးရဲ့အခြေကိုလက်ညှိုးထိုးပြသည်။

" တူးရမှာလား "

ကျွန်တော်မေးလိုက်တော့ထိုဒုံဂျာလေးက ခေါင်းကိုညိတ်ပြသည်။
သို့သော် ကျွန်တော့်မှာ မြေကြီးကိုတူးစရာ ဘာမှပါမလာခဲ့ပေ ။
Jo ကိုဖုန်းဆက်ပြီး ကားပေါ်မှာ တူးစရာတစ်ခုခုပါလားလို့လှမ်းမေးတော့ tool boxထဲက ဂွတွေယူကာ ကျွန်တော်တို့ရှိရာကိုရောက်လာသည်။

သုံးယောက်သား သစ်ပင်အခြေကမြေကြီးကိုစတင်ပြီးတူးကြသည်။ မြေကြီးတူးတဲ့ဂေါ်နဲ့တူးရတာမဟုတ်တော့ ထင်သလောက်ခရီးကမတွင်လှပေ နာရီ၀က်ကျော်လောက်ကြာအောင်တူးပြီးတွင်းကတော်တော်လေးနက်လာတဲ့အထိဘာမှမတွေ့ရတော့ ဒုံဂျာလေးကများကျွန်တော်တို့ကိုလှည့်စားနေတာလားဟူ၍ပင် သံသယ၀င်လာမိသည်။

အနည်းငယ်ဆက်တူးပြီးတဲ့နောက်မှာတော့ သေတ္တာလေးတစ်လုံးကိုတွေ့လိုက်ရသည်။
ထိုသေတ္တာလေးကို မြေကြီးထဲမှအောင်မြင်စွာထုတ်ယူပြီးသောအခါ ပတ်၀န်းကျင်မှာ ခွေးအူသံများကြားလိုက်ရသည်။

လာတုန်းက ဒီပတ်၀န်းကျင်မှာခွေးတွေလည်းမတွေ့မိဘဲနဲ့ ခွေးအူသံတွေက ဘယ်ကရောက်လာလဲတွေးပြီးကျောထဲစိမ့်လာသည်။

Blessed-Cursed Where stories live. Discover now