Arc (3-1) ချန်းဒေါ့နန်းတော် မိဖုရားအဆောင်က처년귀신

892 99 43
                                    

ချောညောန်ဂွီရှင် (처년귀신/virgin ghost/ အပျိုစင်သရဲ )

ကိုရီးယားရှေးရိုးအစဥ်အလာအရ အမျိုးသမီးတွေအတွက် သူတို့တစ်ဘဝလုံးကို မိဘ၊ ခင်ပွန်းနဲ့ သားသမီးကို အလုပ်အကျွေးပြုဖို့က ဘဝရဲ့အဓိကတာဝန်ဖြစ်တယ်လို့ခံယူကြတယ်။
အကယ်၍အမျိုးသမီးတစ်ယောက်က ဒီတာဝန်ကိုလစ်ဟင်းခဲ့ပြီး သေဆုံးသွားခဲ့ရင် (အိမ်ထောင်မပြုရသေးဘဲသေဆုံးသွားရင်) သူရဲ့ရှင်သန်မှုက သိက္ခာမဲ့ပြီး နောက်ဘဝကိုလည်းမကူးနိုင်ဘူးတဲ့။

(ရှေးတုန်းကအယူအဆပေါ့နော်)

ဆိုလိုတာကတော့ အပျိုစင်ဘဝနဲ့သေဆုံးသွားတဲ့အမျိုးသမီးက သူ့ဘဝရဲ့အဓိကတာဝန်ဖြစ်တဲ့ မိဘ ခင်ပွန်း သားသမီးကို အလုပ်အကျွေးပြုရမယ့်တာဝန်ကိုလစ်ဟင်းတဲ့အတွက် သူ့ရဲ့ရှင်သန်မှုက အချည်နှီးဖြစ်တယ်လို့ယုံကြည်ကြတယ်။

ကိုရီးယားရှေးရိုးအစဥ်အလာအရ မိန်းကလေးတစ်ယောက်ဟာအပျိုစင်အဖြစ်နဲ့သေဆုံးသွားခဲ့ရင် ကိုယ့်ကိုယ်ကိုယ်တာဝန်မကျေဘူးဆိုတဲ့ခံစားချက်နဲ့ အဲဒီမိန်းကလေးရဲ့ဝိဉာဥ်ဟာ ခံပြင်းဒေါသတွေဝမ်းနည်းမှုတွေကြောင့် မကောင်းဆိုးဝါးဝိဉာဥ်အဖြစ်ကူပြောင်းသွားတတ်ပါတယ်တဲ့။

အသွင်အပြင်အားဖြင့် Sobok လို့ခေါ်တဲ့ hanbok အဖြူရောင်ကိုဝတ်ဆင်ထားကြပြီး ဆံပင်ကိုဖားလျားချထားကြပါတယ်တဲ့။
(လက်ထပ်ပြီးတဲ့အမျိုးသမီးတွေသာ ဆံထုံးထုံးရတာမို့ လက်မထပ်ရသေးဘဲအပျိုစင်ဘဝနဲ့သေဆုံးသွားတဲ့အမျိုးသမီးတွေကနေဖြစ်လာတဲ့ အပျိုစင်သရဲက ဆံပင်ကိုထုံးမထားဘဲ ဖားလျားချထားတာဖြစ်ပါတယ်)

အသားအရည်ကသွေးရောင်မရှိဘဲ ဖြူဖပ်နေပြီး အချို့က
မျက်လုံးကနေ မျက်ရည်ဒါမှမဟုတ်သွေးတွေစီးကျနေတတ်တယ် အချို့က ပါးစပ်ကနေသွေးတွေစီးကျနေတတ်တယ်တဲ့
ဒါပေမယ့်အဲဒီတစ္ဆေတွေက ရုတ်တရက်ကြည့်လိုက်ရင်တော့အသက်ရှိလူသားနဲ့တော်တော်တူပါတယ်တယ်(ဆိုလိုတာကအရမ်းကြီးပုံပျက်ပန်းပျက်ဖြစ်မနေဘူးပေါ့နော်)

ချောညောန်ဂွီရှင် (အပျိုစင်သရဲ / 처년귀신) တွေက သူတို့နဲ့အသက်အရွယ်သိပ်မကွာတဲ့အပျိုစင်မိန်းကလေးတွေကိုဝင်ရောက်ပူးကပ်ပြီး မိသားစုတွေကိုလည်းဒုက္ခပေးတတ်တယ်။
မတော်တဆထိခိုက်မှုတွေ၊ ရောဂါဆိုးတွေဖြစ်ပွားစေတယ်လို့အယူရှိတဲ့အတွက် ချောန်ညောန်ဂွီရှင်ကိုအရမ်းကြောက်ကြတယ်

Blessed-Cursed Where stories live. Discover now