Arc (4-4) စတေးခံသေမင်းနဲ့ စောင့်မျှော်နေရပါသော구미호

636 102 11
                                    

ဒီဝိဉာဥ်တောအုပ်ထဲမှာ သာမာန်လူတစ်ယောက်ရောက်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှားပါးတဲ့ကိစ္စမို့ တွေဝေနေပေမယ့် ဆက်ကြည့်နေရင် ဂူမီဟိုတွေလက်ချက်နဲ့ ထိုသူက သေဆုံးသွားနိုင်တာမို့ အရင်ဆုံးကူညီဖို့တွေးလိုက်သည်။

" နေဦးဆောနူး ဂူမီဟိုတွေက လူယောင်ဖန်ဆင်းလို့ရတာမို့
အဲဒါကလူအစစ်မဟုတ်မှာစိုးရတယ် ကိုယ်တို့ထဲမှာ နီခီကလည်း ခြေထောက်နာနေတာဆိုတော့ နောက်တထပ် ဘယ်သူမှထပ်ပြီးထိခိုက်လို့မဖြစ်တော့ဘူး"

ဆောငိဟွန်းhyungက ကျွန်တော်တို့ထက်ပိုပြီး ဂူမီဟိုတွေရဲ့အကြောင်းသိတာမို့ သူ့စကားနားထောင်ပြီး ခဏလောက်ထပ်စောင့်ကြည့်နေလိုက်သည်။

ခဏနေတော့ ဂူမီဟိုနှစ်ကောင်က မောဟိုက်လာပုံရပြီး ထိုသူကတော့အကြောက်အကန်ရုန်းကန်ရင်းတတ်နိုင်သလောက်ခုခံနေရုံမှအပ ဘယ်လိုမှခံစားရပုံမပေါ်တာမို့အံ့သြနေမိသည်။
သူက သာမန်လူတော့မဖြစ်နိုင်ပေ။
ဂူမီဟိုနှစ်ကောင်က လက်လျှော့ကာ တောထဲကိုဝင်ရောက်ပျောက်ကွယ်သွားချိန်မှ ထိုသူက မောဟိုက်သွားဟန်ဖြင့် မြေကြီးပေါ်ထိုင်ချလိုက်တာတွေ့လိုက်ရသည်။

ကျွန်တော်တို့လည်း ထိုသူရှိရာဆီသတိနဲ့ချဥ်းကပ်သွားတော့ ကျွန်တော်တို့ကိုတွေ့တာနဲ့ ဝမ်းသာသွားပုံရတဲ့ထိုသူက အပြေးတစ်ပိုင်းနဲ့အနားရောက်လာသည်။

" ခင်ဗျားတို့ကရော လူတွေပဲလား
လူတွေဆိုရင် ကျွန်တော်လည်းခင်ဗျားတို့နဲ့အတူလိုက်ပါရစေ ကျွန်တော်တစ်ယောက်တည်းဆို ဂူမီဟိုတွေကနောက်တစ်ခါထပ်ပြီးရန်လာရှာမှာကြောက်လို့ပါနော်"

ထိုသူကိုအနီးကပ်သေချာအကဲခတ်ကြည့်တော့ တကယ်ကိုသာမန်လူတစ်ယောက်နဲ့ ဘာမှမခြားတာကြောင့် သိချင်စိတ်တွေပိုတိုးလာသည်။

" ခင်ဗျားဒီထဲကို ဘယ်လိုရောက်လာတာလဲ "

ကျွန်တေယ့်အမေးကြောင့်ထိုသူက သက်ပြင်းကိုချလိုက်ပြီး ပတ်ဝန်းကျင်ကိုတစ်ချက်ငေးလိုက်ရင်းဖြေသည်။

ကျွန်တော်သူငယ်ချင်းတွေနဲ့ ဘူဆန်မြို့ရဲ့ နက်ဒုန်မြစ်ဘေးက Samnak eco park ထဲကို Camping ထွက်လာကြတာ။
အစောပိုင်းအကောင်းပဲ Campingဆိုတော့ သူငယ်ချင်းတွေတစ်ပျော်တစ်ပါးကြီး စုပြီးစကားတွေပြောကြရင်းနဲ့ ဂူမီဟိုအကြောင်းတွေပြောပြီး အိပ်ရာဝင်ကြတာ။ အိပ်ယာလည်းနိုးရော ကျွန်တော်ဒီကိုရောက်နေတာပဲ ။
အစကတော့ ကျွန်တော်အိပ်မက်မက်နေတယ်ထင်နေတာ ခုဏက ဂူမီဟိုနှစ်ကောင်ရန်လိုလာရင်း တစ်ချက်ကိုက်မိသွားမှ အရမ်းနာလို့အိပ်မက်မဟုတ်မှန်းသိတာ။"

Blessed-Cursed Where stories live. Discover now