Arc(6-2) ချစ်သော 동자 ရှာပုံတော်ဖွင့်ခြင်း

553 113 6
                                    

ဆရာဘုန်းတော်ကြီးရဲ့ကျောင်းကိုရောက်တော့ ပူလောင်နေတဲ့စိတ်တွေအနည်းငယ်တည်ငြိမ်သွားသည်။
ဆရာဘုန်းတော်ကြီးရဲ့မိတ်ဆွေ ဘုန်းတော်ကြီးက ဧည့်သည်နဲ့စကားပြောနေသည်ဟု တပည့်ကိုရင်ပေါက်စလေးများကပြောတာကြောင့်
မနှောက်ယှက်တော့ဘဲ ကျွန်တော်လာနေဖူးသောဆရာဘုန်းတော်ကြီးရဲ့ကျောင်းဆောင်လေးဆီကိုထွက်လာခဲ့လိုက်သည်။

ဒီကျောင်းဆောင်လေးမှာ ကျွန်တော်က သရဲတစ္ဆေတွေကိုမြင်နေရတဲ့ ကိုယ့်ရဲ့ကံကြမ္မာကိုလက်ခံလိုက်ရပြီး ဆရာဘုန်းတော်ကြီးရဲ့ လမ်းညွှန်ပြသမှုတွေအဆုံးအမတွေကိုခံယူခဲ့ရတာဖြစ်သည်။

ဆရာနဲ့အတူ ၀ိဉာဥ်ကမ္ဘာဆိုတဲ့နေရာကို သွေးပျက်စွာနဲ့ဝင်ရောက်ခဲ့ပြီးသနားစရာကောင်းတဲ့သရဲတစ္ဆေတွေကို လွတ်မြောက်န်ိုင်ဖို့ကူညီခဲ့ရသည်။

လွတ်မြောက်အောင်ကူညီနိုင်ခဲ့ပြီး အောင်မြင်စွာပြန်ထွက်လာနိုင်တဲ့အခါတွေလည်းရှိသလို ထိခိုက်ဒဏ်ရာတွေနဲ့ပြန်ထွက်လာကြပြီး နှစ်ရက် သုံးရက်လောက် အလူးအလဲ နေမကောင်းဖြစ်ကြရတဲ့အချိန်တွေလည်းရှိခဲ့သည်သာ။

ကျေးဇူးရှင်ဖြစ်တဲ့ ဆရာဘုန်းတော်ကြီးကိုကျေးဇူးပြန်မဆပ်နိုင်ခင်မှာပဲ ဆရာက အိုးတစ်လုံးစာတစ်စောင်အမွေချန်ထားခဲ့ကာ ရုတ်တရက်ပျောက်ကွယ်သွားတော့ တစ်ယောက်တည်းယောင်ချာချာကျန်ခဲ့ရသည်။

ဆရာ့အမွေဖြစ်တဲ့အိုးလေးထဲကနေ ဆရာပြောတဲ့စည်းကမ်းချက်တစ်ခုကို ဖောက်ဖျက်စေမယ့် ဒုံဂျာလေးတစ်ယောက်ကျွန်တော့်ဘဝထဲကိုဝင်ရောက်ချည်နှောင်ခဲ့သည်။

ကိုယ့်ကိုယ်ကိုယ်တောင်မယုံကြည်နိုင်လောက်အောင် ထိုဒုံဂျာလေးကိုအရူးအမူးချစ်မိသွားချိန်မှာတော့ ဘာအကြောင်းအရင်းကြောင့်မှန်းမသိ သူကိုယ်တိုင်က နှစ်ယောက်ကြားချည်နှောင်ထားတဲ့ အနီရောင်ကြိုးမျှင်လေးကိုဖြတ်တောက်ပြီးပျောက်ကွယ်သွားတာမို့ ကျန်ခဲ့တဲ့ကျွန်တော့မှာ စိုူရိမ်စိတ်တွေနဲ့ ပူလောင်နေရသည်။ အခုတော့ကျွန်တော့်မှာ ဆရာပေးခဲ့အမွေနှစ်ခုထဲက ဖတ်မရတဲ့စာလေးတစ်စောင်သာကျန်နေခဲ့သည်။

Blessed-Cursed Where stories live. Discover now