Arc(3-2) ချန်းဒေါ့နန်းတော် မိဖုရားအဆောင်က처년귀신

634 90 5
                                    

အခန်းထောင့်ဂိမ်း 구석놀이 ဆိုတာ သရဲခေါ်တဲ့ဂိမ်းတစ်မျိုးပါပဲ အခန်းရဲ့ထောင့်တွေမှာရှိတတ်တဲ့တစ္ဆေသရဲတွေက်ုခေါ်ပြီး ဆော့တဲ့ကစားနည်းလို့ပြောရမလား။

ဒီကစားနည်းကိုဆော့ဖို့ လူ၄ယောက်လိုပါတယ်
ဒီကစားနည်းကိုကစားမယ့်အခန်းထဲမှာ ကစားမယ့်လူလေးယောက်ကလွဲပြီး တခြားသူတွေရှိလို့မရပါဘူး
အိမ်မွေးတိရိစ္ဆာန်တွေတောင်ရှိနေလို့မရပါဘူး။

ပြီးတော့ဒီကစားနည်းကိုဆော့နေတုန်း လုံးဝစကားမပြောရပါဘူး။ ခေါင်သူကြီးကသာ လိုအပ်တဲ့အချိန်မှာစကားပြောခွင့်ရှိပါတယ်။

ဆော့မယ့်သူတွေက အရင်ဆုံးသူတို့ရဲ့နာမည်တွေကို သုံးခါအော်ပြီးအခန်းထောင့်တစ်ခုစီမှာနေရာယူရပါတယ် ။

နေရာယူတဲ့အခါ အခန်းထောင့်ဘက်ကိုမျက်နှာမူပြီး မတ်တပ်ရပ်ရပါတယ်
ကစားပွဲစတဲ့အခါ မီးခလုတ်နားအနီးဆုံးလူက မီးခလုတ်ကိုပိတ်ပြီးတာနဲ့
နာရီလက်တံ ဦးတည်ရာ အတိုင်းလမ်းလျှောက်သွားပြီး
အခြားထောင့်မှာရှိနေတဲ့သူရဲ့ပခုံးကိုသွားပုတ်ရပါတယ်

ပုတ်ခံရတဲ့သူကလည်း နောက်တစ်ထောင့်ကိုသွားပြီးနောက်တစ်ယောက်ကိုပုတ်ရပါတယ်

အဲလိုနဲ့အခန်းထဲကလူလေးယောက်လုံး နာရီလက်တံအတိုင်း လှည့်ပတ်နေရင်းနဲ့ ကစားပွဲအရှိန်မြင့်လာတဲ့အခါ ဖြစ်လာနိုင်ချေ၂ခုရှိပါတယ်

ပထမတစ်ခုက ဆော့နေတဲ့သူလေးယောက်ထဲက တစ်ယောက်ပျောက်သွားတာ။

ဒုတိယတစ်ခုက ဆော့နေတဲ့လေးယောက်အပြင် ၅ယောက်မြောက်ကစားသမား(သရဲ) ရောက်လာတာ။

ဆော့နေတဲ့သူလေးယောက်ထဲကတစ်ယောက်ပျောက်သွားခဲ့ရင် ခေါင်သူကြီးက ကျန်တဲ့သူတွေကို သူတို့ရဲ့နာမည်တွေပြောင်းပြန်ရွတ်ဖို့ညွှန်ကြားရမယ်။

အဲလိုညွှန်ကြားလိုက်တဲ့အခါ ဆော့နေတုန်းက အခန်းထောင့်တွေကိုမျက်နှာမူထားရာကနေ အခန်းထောင့်တွေကိုကျောခိုင်းပြီး ကိုယ့်နာမည်ကို ပြောင်းပြန်ရွတ်ရပါမယ်။ အခန်းထဲကလူအကုန်လုံးရွတ်ပြီးသွားတဲ့အခါ မီးခလုတ်နဲ့အနီးဆုံးလူက မီးကိုပြန်ဖွင့်လိုက်ရင် ပျောက်သွားတဲ့သူက ပြန်ပေါ်လာပါတယ်တဲ့။

Blessed-Cursed Where stories live. Discover now