Alarm သံမြည်လာပြီးနောက် ရင်ခွင်ထဲမှာတိုးဝင်နေတဲ့ခံစားချက်လေးပျောက်ကွယ်သွားပြီး လစ်ဟာသွားတာနဲ့အတူ ဗြောရီရှိတဲ့နန်းဆောင်မှာပြန်လည်နိုးထလာခဲ့သည်။
ကျွန်တော်နိုးလာတာနဲ့ ဗြောရီက ကျွန်တော့်ရှေ့ကိုချက်ချင်းရောက်လာသည်။
ကျွန်တော်လည်း မင်းသမီးနဲ့တွေ့ခဲ့တဲ့အကြောင်းစုံကိုပြောပြပြီးနောက် မင်းသမီးပေးတဲ့ Norigae သေတ္တာလေးနဲ့ ဆင်တူဓားလေးနှစ်လက်ကိုဗြောရီလက်ထဲထည့်လိုက်သည်။
" မင်းသမီးလည်းငါ့ကိုစောင့်နေမယ်ဆိုတာ ငါယုံကြည်ခဲ့တာ မှန်သွားပြီ။
အရှင်မင်းကြီးက ငါတို့နှစ်ယောက်အကြောင်းသိနေခဲ့တာမို့ မင်းသမီးရဲ့နာမည်မပျက်အောင်ငါ့ကို မိဖုရားဆောင်ထဲခေါ်သွင်းခဲ့တာပဲ
မင်းကြီးရဲ့ရည်ရွယ်ချက်က ငါ့ကိုစိတ်ချပြီးမင်းသမီးကောင်းကောင်းလက်ထပ်သွားနိုင်ဖို့ပဲပေါ့ငါကမသိခဲ့ဘဲမင်းကြီးကိုပါစိတ်နာနေသေးတာ
အခုတော့အားလုံးရှင်းသွားပါပြီ မင်းသမီးနဲ့ငါ့ရဲ့သဘောက အတူတူပါပဲ ဒီNorigaeသေတ္တာလေးကိုလက်ခံပေးပါ ပြီးတော့
မင်းက နန်းတွင်းသူမိန်းကလေးမဟုတ်ဘဲ ယောက်ျားလေးဖြစ်နေခဲ့တာမလား
ငါရိပ်မိပါတယ် နောက်ပြီး သွေးနဲ့ချည်နှောင်ထားမိတဲ့သူရှိနေတာပဲ"မင်းသမီးက ကျွန်တော့နဲ့နီခီကိုချည်နှောင်ထားတဲ့ ကျွန်တေ့်လက်ကကြိုးနီလေးကိုကြည့်ကာပြောသည်။
" လူသားနဲ့ ဝိဉာဉ် အကြာကြီးချည်နှောင်ထားတာမကောင်းဘူး အထူးသဖြင့် လူသားအတွက်မကောင်းဘူး
ဒီဓားလေးနှစ်ချောင်းကိုပါ လက်ဆောင်ပေးခဲ့မယ်
ငါနဲ့မင်းသမီးရဲ့ တစ္ဆေမင်္ဂလာပွဲမှာသုံးပြီး ပွဲပြီးသွားတဲ့အခါ အပိုင်ယူထားလိုက်ပါ
ဒီဓားကဝိဉာဉ်ကမ္ဘာထဲကယူလာတာမို့ အဲလိုမျိုးချည်နှောင်နေတာတွေကို ဖြတ်တောက်လို့ရတဲ့ဓားပဲ နှစ်ယောက်သား တစ်ချောင်းစီယူထားလိုက်ပေါ့
ဆက်ပြီးမချည်နှောင်ချင်တဲ့အခါ ကြိုက်တဲ့ဘက်ကနေ ဖြတ်ချလိုက်လို့ရပါတယ်အရာအားလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ် တစ္ဆေမင်္ဂလာပွဲပြီးရင် ငါနဲ့မင်းသမီးနဲ့ သက်တန့်တံတားကိုဖြတ်ပြီး လွတ်ရာကျွတ်ရာကိုသွားတော့မှာမို့ နှုတ်ဆက်ခဲ့ပါတယ်"
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...