" ဒီက အကိုတို့က ဒီကိုဘယ်လိုရောက်လာကြတာလဲဟင် ညီမ ဒီထဲကိုမျက်စိလည်ပြီးရောက်လာတာမပြန်တတ်တော့လို့ ညလည်းမှောင်နေပြီဆိုတော့လေ ဘာလုပ်ရမှန်းလဲမသိတော့လို့ တစ်ယောက်တည်းစ်ိတ်အားငယ်ပြီးငိုနေမိတာ အကိုတို့ကိုတွေ့တော့ အရမ်းဝမ်းသာသွားတာပဲ။ တကယ်လို့များအပန်းမကြီးဘူးဆိုရင် ဒီတစ်ညလောက်
အကိုတို့နားမှာနေလို့ရလားဟင် ညီမကြောက်လို့ပါနော်"ထိရက်စရာမရှိအောင် လှပပြီးအပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ မျက်ရည်တွေစွန်းထင်းနေတဲ့ သနားစဖွယ်မျက်ဝန်းလေးတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီးက နီခီနဲ့ကျွန်တော့်နားကိုတစ်လှမ်းချင်းလျှောက်လာရင်း အသံချိုချိုလေးနဲ့ အသနားခံနေသည်။
ဂူမီဟိုပဲ
ကျွန်တော်တို့နှစ်ယောက်သာ အခုဏက သူ့ရဲ့ လျှင်မြန်တဲ့လှုပ်ရှားမှုကိုမမြင်လိုက်ရင် နောက်ပြီး ဒါက ဂူမီဟိုတွေကြီးစိုးတဲ့ ဝိဉာဥ်တောအုပ်လို့မသိခဲ့ရင် အမှန်တကယ်သနားမိမှာသေချာသည်။
ထိုအမျိုးသမီးငယ်က လမ်းလျှောက်နေရာကနေရပ်လိုက်ပြီး ခေါင်းကိုငုံ့ချသွားပြီးနောက် ချက်ချင်းပင်ခေါင်းပြန်မော့လာတော့ မျက်လုံးတို့က အညိုရောင်ပြောင်းနေပြီဖြစ်သည်။
ထို့နောက့်နီခီ့နားကို အလျှင်အမြန်ကပ်သွားကာ မျက်လုံးတွေကိုစိုက်ကြည့်တော့သည်။
ဒါက စိတ်ညှို့နေတာဖြစ်ရမယ်။ကျွန်တော်လည်းရုတ်တရက်စိတ်ပူသွားကာ နီခီ့ရှေ့မှာပိတ်ရပ်လိုက်ပြီးနီခီ့ကိုကျွန်တော့်နောက်ပို့လိုက်တော့ ထိုအမျိုးသမီးက စိတ်တိုသွားဟန်ဖြင့် ကျွန်တော့်ကို မျက်မှောင်ကြုံ့ကာကြည့်သည်။
ထို့နောက်မှာတော့ တစ်စုံတစ်ရာကိုတွေ့ရှိသွားဟန်ဖြင့် နှုတ်ခမ်းတွေကပြုံးသွားပြီး "အသန့်စင်ဆုံးဝိဉာဥ်ပိုင်ရှင်ပဲ"
ဟု တီးတိုးရေရွတ်ကာ နီခီကို အဝေးသို့တွန်းထုတ်လိုက်ပြီး
ကျွန်တော့်ကိုညှို့ယူဖို့ကြိုးစားလာသည်။ဂူမီဟိုရဲ့အစွမ်းကို တော်ယုံလူမယှဥ်နိုင်တာကြောင့်နီခီက တော်တော်ဝေးဝေးကိုလွင့်စင်သွားသည်။
YOU ARE READING
Blessed-Cursed
Terrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...