ဒူးတစ်ဖက်ညွတ်ကာလဲကျသွားတဲ့နီခီ့ကို လှမ်းဆွဲလိုက်ပေမယ့် လေဟာနယ်ကိုသာဆွဲမိသည်။
" မနေ့ကလည်း အတူတူပဲ မနေ့ကလည်းဒီအချိန်မှာ တစ်ကိုယ်လုံးမလှုပ်နိုင်အောင်နာကျင်လာတာ ဒါကြောင့်ထင်တယ် "
နီခီ့အသံတိုးရှရှလေးက နာကျင်မှုကြောင့်တုန်ယင်နေသည်။
နီခီ့ရဲ့နာကျင်မှုက ကျွန်တော့်နှလုံးသားအထိလာပြီးထိခတ်သည်။ အရွယ်နဲ့မမျှအောင် စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဖြစ်တဲ့ ကလေးငယ်ကို နောက်ထပ်ဘယ်လိုမှမနာကျင်စေချင်တော့ပေ။ထိုစဥ် နောက်ထပ်သံတစ်ချောင်းကို ထပ်ပြီထိုးစိုက်ဖို့ပြင်နေတဲ့ ထိုအောက်လမ်းဆရာမကို ဟန့်တားဖို့ ကိုယ့်ကိုယ်ကိုယ်တောင်သတိမထားလိုက်မိဘဲ အစီအရင်လုပ်နေတဲ့သစ်ပင်ကြီးဆီပြေးသွားလိုက်မိသည်။
" တော်ပါတော့ အပြစ်မရှိတဲ့ကလေးကိုထပ်ပြီးမနှိပ်စက်ပါနဲ့တော့ "
အသံကုန်အော်ရင်း အောက်လမ်းဆရာမကို အားနဲ့တွန်းထုတ်ပစ်လိုက်သည်။ထိုအောက်လမ်းဆရာမရဲ့ခေါင်းပေါ်မှာဆောင်းထားတဲ့သံခွေကြီးက ပြုတ်ကျသွားကာ
သူစီးထားတဲ့ခုံဖိနပ်ကြောင့်အလွယ်တကူပင်လဲကျသွားပြီး အခြေအနေတွေကဖရိုဖရဲ။အောက်လမ်းဆရာမက အံ့သြတာနဲ့စိတ်တိုတာပေါင်းပြီး ကျွန်တော့်ကို ဒေါသတကြီးနဲ့ စူးစူးဝါးဝါးစိုက်ကြည့်လာသည်။
ထို့နောက်သူ့အကြည့်တွေက ပြောင်းလဲသွားပြီးအကြောင်းမဲ့ရယ်မောခြင်းစတင်လာသည်။
" မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်က သန့်စင်တဲ့ဝိဉာဥ်ံ့လေးပဲ အဆင်သင့်လိုက်တာ ဒီအစီအရင်က နှောက်ယှက်ခံလိုက်ရတာဆိုတော့ ဒီသန့်စင်တဲ့ဝိဉာဥ်ကိုစတေးပြီးနောက်ထပ်အစီအရင်တစ်ခုလုပ်လိုက်ရင်ကောင်းမလား ဟားဟား "
နီခီက စိုးရိမ်တကြီးနဲ့ကျွန်တော့်နားရောက်လာသလို ဒုံဂျာလေးနှစ်ယောက်ကလည်း လေးလံသောခြေလှမ်းများနဲ့တရွေ့ရွေ့လှမ်းလာသည်။
" လူစုံတက်စုံပါလား အမည်းရောင်ဝိဉာဥ်တွေကိုရောဘာလို့မခေါ်လာခဲ့တာလဲ "
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...