Korean House Ghost (집귀신/터귀신)
Korean House Ghost 집귀신တွေက အိမ်
ဒါမှမဟုတ် အဆောင်အဦးတစ်ခုကိုစွဲလမ်းပြီး အဲဒီအိမ် ဒါမှမဟုတ်အဆောက်အဦးထဲမှာ အမြဲရှိနေတတ်တဲ့တစ္ဆေဖြစ်ပါတယ်။များသောအားဖြင့်သိပ်ပြီးအန္တရာယ်မပေးဘဲ သဘောကောင်းတဲ့တစ္ဆေတွေဖြစ်ပြီး အိမ်ရဲ့ဂိုထောင်လိုနေရာမျိုးစတိုခန်းလိုနေရာမျိုး ထပ်ခိုးလိုနေရာမျိုးတွေမှာရှိနေတတ်ပါတယ်တဲ့။
နောက်ပြီး အချို့အိမ်တွေမှာရှိတတ်တဲ့သစ်ပင်ပေါ်မှာဆောက်ကြတဲ့သစ်လုံးအိမ်လေးတွေလိုနေရာမျိုးမှာလည်းရှိတတ်ကြပါတယ်။
သူရှိနေတဲ့အဆောက်အဦးကို ဖျက်ဆီးဖို့ကြိုးစားရင်တော့ မကောင်းဆိုးဝါးတစ္အေဖြစ်ပြောင်းလဲသွားပြီး လူတွေကိုဒုက္ခပေးတတ်တဲ့တစ္ဆေတွေဖြစ်လာပါတယ်တဲ့။
.
.
.
.
.
🎶🎶🎶Ah မငြင်းလိုက်ပါနဲ့ကွာ
Oh သူငယ်ချင်းတော့မဖြစ်ချင်ဘူးကွာ
ခေါင်းအစခြေအဆုံးအထိ
မဟုတ်ဘူး နှလုံးသားလေးအထိ ဖိအားတွေများနေခဲ့ပြီလေ
I love you baby baby baby....🎶🎶🎶မြို့အစွန်က ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ အိမ်ကြီးတစ်အိမ်ရှေ့မှာ ရပ်ထားတဲ့ကားတစ်စီးကိုမှီပြီးရပ်နေတဲ့လူငယ်လေးတစ်ယောက်စီကနေ ဂစ်တာတီးပြီးသီချင်းဆိုနေသံက မတိုးမကျယ်ထွက်ပေါ်လာနေတာဖြစ်သည်။
အိမ်ဝန်းကျယ်ကြီးပေမယ့် ခြံစည်းရိုးကအလုံပိတ်မဟုတ်ဘဲ အိမ်ဝန်းထဲကိုလှမ်းမြင်နိုင်တဲ့ သံပန်းတွေနဲ့သာအခိုင်အမာကာရံထားတာမို့ ထိုလူငယ်လေးက ဂစ်တာတီးရင်း အိမ်ထဲကအရိပ်အခြေကိုလည်း သေချာစွာအကဲခတ်နေသည်။ခဏအကြာမှာတော့ထိုလူငယ်က အိမ်ဝန်းကြီးထဲရှိ သစ်ပင်ကြီးပေါ်မှာဆောက်လုပ်ထားတဲ့ သစ်လုံးအိမ်လေးဆီမှ လှုပ်ရှားမှုကိုမြင်လိုက်ရတာကြောင့် ဂစ်တာတီးတာကိုရပ်လိုက်ပြီး တစ်စုံတစ်ယောက်စီဖုန်းခေါ်လိုက်သည်။
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...