Arc (1-5) ဖယောင်းပြတိုက်ထဲကအချစ်ကြီးတဲ့ 상사귀

737 106 12
                                    

လှည့်စားတတ်တဲ့တစ္ဆေဆိုတာ တစ္ဆေတွေကိုကယ်တင်တဲ့အလုပ်မှာ ဝင်နှောက်ယှက်တတ်တဲ့တစ္ဆေတွေပါပဲ ပုံစံအမျိုးမျိုးပြောင်းနိုင်ပြီး ပုံစံတစ်ခုတည်းနဲ့ကြာကြာမနေနိုင်ကြတဲ့တစ္ဆေတွေဖြစ်ပါတယ်။ ဆရာရှိတုန်းကတော့ အဲလိုတစ္ဆေတွေကိုသတိထားဖို့ခဏခဏသတိပေးခဲ့ဖူးသည်။
အခု နီခီက လှည့်စားတတ်တဲ့တစ္ဆေများလို့ဟုသံသယဝင်လိုက်မိသည်။

" ကျွန်တော်က လှည့်စားတတ်တဲ့တစ္ဆေမဟုတ်ပါဘူး hyungမယုံရင် စောင့်ကြည့်လေ ဒါက ကျွန်တော့်ပုံစံအမှန်ပဲမို့ ဝိဉာဥ်ကမ္ဘာကိုရောက်လာတဲ့အချိန်တိုင်းhyungစစ်ဆေးကြည့်လို့ရပါတယ်"

နီခီပြောသလိုပင် ဝိဉာဥ်ကမ္ဘာထဲရောက်တိုင်းစစ်ဆေးကြည့်လို့ရတာမို့ လာရင်းကိစ္စကိုသာအာရုံစူးစိုက်ရန်ဆုံးဖြတ်လိုက်သည်။

မိုးရေစက်တို့တစ်ဖြောက်ဖြောက်ကျဆင်းနေသံနဲ့အတူတိတ်ဆိတ်နေသောပတ်ဝန်းကျင်မှာအနည်းငယ်ခြောက်ခြားစရာကောင်းနေသည်။

ကျွန်တော်တို့နှစ်ယောက်လည်း အပြင်ကအသံကိုနားစွင့်ရင်း လက်ရှိရောက်နေတဲ့အခန်းထဲကိုတစ်ချက်ကြည့်လိုက်ရာ ပျက်စီးနေသော သံဖရိန်များ ရွံ့စေးများနဲ့ တစ်ပိုင်းတစ်စ ရွံ့စေးရုပ်များဖယောင်းရုပ်များကိုတွေ့လိုက်ရသဖြင့် ဒါက စိတ်တိုင်းမကျတဲ့လက်ရာတွေကို သိမ်းထားတဲ့စတိုခန်းဖြစ်ကြောင်းရိပ်သားမိလိုက်သည်။

အခန်းတံခါးကိုအနည်းငယ်ဟပြီး အပြင်ဘက်ကိုကြည့်လိုက်တော့ ဘယ်သူမှမရှိပေမယ့် အသံတစ်ခုက အဆက်မပြတ်ထွက်ပေါ်နေသည်။

ကြမ်းပြင်ကိုတစ်ခုခုနဲ့ရိုက်ခတ်နေသံနဲ့ခပ်ဆင်ဆင်ဖြစ်ပြီး ဖယောင်းရုပ်ထုနေတဲ့အသံများလားလို့တွေးမိပြီး မှောင်ရိပ်ကိုခိုကာ အသံလာရာဆီကို ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။

ကျွန်တော်တို့အခုရောက်နေတဲ့နေရာက ပြခန်းပိုင်ရှင်ဆရာမရဲ့ ဖယောင်းရုပ်ထုတွေ ထုလုပ်ရာစတူဒီယိုဖြစ်သည်။

အတော်အတန်ကျယ်ဝန်းပြီး အခန်းတွေလည်းအများအပြားရှိသည်။ လျှောက်လမ်းတစ်လျှောက်မှာ ထောင်ထားတဲ့ဖယောင်းရုပ်ထုတွေက အသက်ဝင်လှသောကြောင့် ညဘက်မှာခြောက်ခြားစရာပင်ကောင်းနေတော့သည်။

Blessed-Cursed Where stories live. Discover now