Arc(5-2) ထူးဆန်းစွာရောက်လာသော 물귀신

627 99 15
                                    

မမချယ်ချယ်က ရေသောက်ပြီးသည့်တိုင် အကြောက်ပြေသေးပုံမရတာကြောင့် ကျွန်တော်အနည်းငယ်စိတ်ပူသွားမိသည်။
" မမ စိတ်အေးအေးထား ငါရှိတယ်မကြောက်နဲ့ ငါနင့် studioထဲ သွားကြည့်ပေးမယ်နော်
အခုဘာဖြစ်လာတာလဲ ငါ့ကိုအရင်ပြောပြ "

ထိုအခါမှ မမလည်း စိတ်လျှော့ပြီး ဖြစ်ပျက်ခဲ့သမျှကိုပြန်ပြောပြလာသည်။
.
.
ချယ်ဝန်းတစ်ယောက် အိမ်အသစ်မှာရှိနေတဲ့ studioလေးကို အရမ်းသဘောကျနေသည်။

ဖယောင်းပန်းပုထုတဲ့သူမို့ ဆိတ်ငြိမ်ပြီးအေးဆေးတဲ့နေရာလေးတွေကိုကြိုက်တတ်တာကြောင့် အိမ်မကြီး
အပြင်ကသီးသန့်အဆောက်အဦးလေးတစ်ထပ်အဆောင်လေးကို studio လုပ်လိုက်တာဖြစ်သည်။

စိတ်ကြိုက် ပြင်ဆင်ထားတဲ့ studio ထဲမှာ ခက်ခက်ခဲခဲ လေလံဆွဲကာ စုဆောင်းထားတဲ့ နာမည်ကြီး ရွှံ့စေးပန်းပုပညာရှင်တွေရဲ့ လက်ရာ collection တွေကိုအရင်ဆုံးနေရာချသည်။

ထို့နောက် ပန်းပုထုတဲ့နေရာကနေ မျက်စိနဲ့လှမ်းမြင်နိုင်တဲနေရာလောက်က စင်လေးပေါ်မှာတော့ လက်တလောမှ ဂျပန်ထိသွားပြီး လေလံဆွဲလာခဲ့တဲ့ ပန်းပုရုပ်ကလေးကနေရာယူထားသည်။

ရေပွက်ထနေတဲ့ရေပြင်ထဲကိုချက်ချင်းခုန်ဆင်းချင်စိတ်ပေါက်လာတဲ့အထိ လက်ရာမြောက်လွန်းလှတဲ့ ရှူခင်းပန်းပုရုပ်လေးဖြစ်ပြီး လေလံစျေးက တိုက်ခန်းတစ်ခန်းစာရှိသည်။

ထိုပန်းပုတင်ထားတဲ့စင်လေးရဲ့ဘေးမှာတော့ ပန်းပုထုရင်းညောင်းလာတဲ့အခါ အနားယူဖို့ အိပ်ယာပြင်ဆင်ထားသည်။
အခုနောက်ပိုင်း project အသစ်တစ်ခုလည်းလက်ခံထားတာမို့ studioထဲမှာပဲ ညအိပ်ရမယ့်ရက်တွေရှိလာတော့မှာကြောင့် အိပ်ယာလေးပါပြင်ဆင်ထားဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။

သီးသန့်ဆန်လှပြီး ပန်းပုရုပ်တွေနဲ့ပြည့်နေတဲ့ studio က ညအချိန်မှာတော့အနည်းငယ်ခြောက်ခြားစရာကောင်းနေသလိုပင်။

အရင်ရက်တွေကတည်းက ထုလက်စပန်းပုရုပ်ကို အချောသပ်ဖို့ကျန်နေသေးပေမယ့်

အိမ်အပြောင်းအရွှေ့ studio အပြောင်းအရွှေ့နဲ့မအားလပ်နိုင်တာမို့ ဒီနေ့ညမှ အချောသပ်ရမည်ဖြစ်သည်။

Blessed-Cursed Where stories live. Discover now