Arc(3-6)ချန်းဒေါ့နန်းတော် မိဖုရားအဆောင်က처년귀신

594 100 16
                                    

ဝိဉာဥ်ကမ္ဘာထဲရောက်ရောက်ချင်းဘယ်သူမှမတွေ့ရခြင်းအကြောင်းမှာ ဒီသတ္တဝါကြီးလာချိန်ရောက်တာမို့ ကြောက်လန့်ပြီး ပုန်းနေကြ၍ ဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။

ကျွန်တော်နဲ့နီခီကလည်း ဒီအချိန်မှ အချိန်ကိုက်ဝင်လာမိလျက်သားဖြစ်သွားတာကြောင့်တည့်တည်းတိုးသွားခြင်းပင်။ ကံသီပေလို့ ဗီဒိုထဲအမြန်ဝင်ပုန်းလိုက်နိုင်တာဖြစ်သည်။

" နီခီ ငြိမ်ငြိမ်နေ မင်းတကယ်မကြောက်တာငါသိတယ်"

ကျွန်တော့်စကားကြောင့် ရယ်သံတိုးတိုးလေးထွက်လာသည်။
ရိုက်ချင်စရာ။

" ဆောနူးစံက အရမ်းကာကွယ်ပေးချင်နေတော့ကျွန်တော်လည်းကြောက်ချင်ယောင်ဆောင်ပေးတာလေ
ရှေ့လျှောက် ကျွန်တော့ကို ဒုံဂျာလေးလိုဆက်ဆံတဲ့အခါတိုင်း ကျွန်တော်က ဆောနူးစံစိတ်ချမ်းသာအောင် ဒီလိုမျိုးကြောက်ချင်ယောင်ဆောင်ပြီး ဆောနူးစံကိုတွယ်ကပ်နေမှာ"

" မင်း.."
စကားပင်ဆုံးအောင်မပြောရသေး နှစ်ယောက်ပေါင်းအလေးချိန်ကိုမခံနိုင်တာကြောင့်ထင်သည် ဗီဒိုရဲ့အနောက်နံရံက ပွင့်ပြီး ကျွန်တော်တို့နှစ်ယောက်သား
လမ်းလျှောကျဥ်ကျဥ်းလေးထဲသို့လုံးထွေးပြီးကျသွားတော့သည်။

ကျွန်တော့်ပေါ်မှာပိကျလာတဲ့နီခီ့ရဲ့အရပ် ကလန်ကလားခန္ဓာကိုယ်ကြီးကိုတွန်းဖယ်ပြီးကုန်းရုန်းထကာ ဘယ် နေရာ ကိုရောက်လာလဲဆိုတာသိရအောင် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။

ဗီဒိုထဲကနေဘယ်ထဲကိုပြုတ်ကျလာတာပါလိမ့်

ရှေ့ဆီကလမ်းကျဥ်းလေးအဆုံးမှာ မီးရောင်လဲ့လဲ့လေးကိုမြင်နေရတာကြောင့် နီခီကိုဆွဲပြီး မီးရောင်ရှိရာသို့တိတ်ဆိတ်စွာချဥ်းကပ်လာခဲ့သည်။

လမ်းကျဥ်းလေးရဲ့အဆုံးမှာတော့ကွင်းပြင်ကျယ်တစ်ခုရှိနေပြီး မီးတုတ်တွေအများကြီးထွန်းထားတာကြောင့်မြင်ကွင်းကရှင်းလင်းနေသည်။

နန်းတွင်းသူတွေ အထိန်းတော်ရှန့်ကုန်းတွေ စုဝေးနေကြတာဖြစ်သည်။

တစ်စုတစ်ဝေးတည်းညီညီညာညာစက်ဝိုင်းပုံရပ်နေကြတဲ့နန်းတွင်းသူတွေ အထိန်းတော်ရှန့်ကုန်းတွေရဲ့အလယ်မှာတော့ နန်းတွင်းသူတစ်ယောက်ကို ထိုင်ခုံမှာကြိုးနဲ့ချည်ထားသည်။

Blessed-Cursed Where stories live. Discover now