"hyung သူပြောတဲ့ ကင်ဟာနူးလ်ဆိုတာ ကားအက်စီးဒန့်ကြောင့်ဆုံးသွားတဲ့ ကျွန်တော်တို့ ဦးလေး ကင်ဟာနူးလ်တော့မဟုတ်လောက်ဘူးမလား "...
"တကယ်လို့ သူတို့ပြောတဲ့ ကင်ဟာနူးလ်ဆိုတာက ငါတို့ဦးလေး ကင်ဟာနူးလ်ဖြစ်ခဲ့ရင် Myeong gp နဲ့ Kim gp မတည့်ရတဲ့အကြောင်းအရင်းက သူတို့နှစ်ယောက်ကြောင့်ဆိုတာသေချာသလောက်ပဲ"
လူမှန်းသိတတ်စကတည်းက Myeong gp ဆိုတာ ကျွန်တောွတို့ Kim gpနဲ့ မတည့်ကြတဲ့သူတွေဆိုပြီး သိခဲ့ပေမယ့် မတည့်ရတဲ့အကြောင်းအရင်းကိုတော့အထူးတလည်စိတ်မဝင်စားခဲ့သလိုမေးလည်းမမေးကြည့်မိခဲ့ပေ။
ဒီအတိုင်း စီးပွားရေးနယ်ပယ်ကလူအချင်းချင်းပြိုင်ဆိုင်ကြရင်းမတည့်ကြတာလို့ပဲ ထင်ခဲ့ကြတာပင်။
လူကြီးတွေကလည်း အထူးတလည်ဘာမှမပြောခဲ့ဖူးတာလည်းပါမည်။
အခုတော့ အကြောင်းအရင်းကို ခပ်ရေးရေးသဘောပေါက်လာသလိုရှိခဲ့ပြီ။" ဘယ်လိုအကြောင်းကိစ္စပဲရှိရှိ ဟာနူးလ်က
ကျွန်တော့်ကိုပဲ ရွေးချယ်မှာ အဲဒါကိုလုံးဝယုံကြည်တယ်အဲဒါကြောင့် ကျွန်တော့်ကိုတစ်ခါလောက်ဖြစ်ဖြစ်ယုံကြည်ပြီး ခွင့်ပြုပေးပါနော်အဖေ "
မြောင်ဂျေးဟိုက သူ့အဖေဆိုသူရှေ့မှာ ဒူးထောက်ပြီး ငိုယိုတောင်းပန်နေပေမယ့်လည်း အဖေဖြစ်သူမှာတော့ လုံးဝ နားလည်ပေးနိုင်မည့်ဟန်မရှိပေ။
" ရွံစရာကောင်းတာတွေတော်လိုက်တော့ မြောင်ဂျေးဟို၊
ရှေ့လဆို မြို့တော်ဝန်ရွေးကောက်ပွဲက တရားဝင်စတော့မှာ။မြို့တော်ဝန်အဖြစ်ရွေးကောက်ခံရမယ့်သူရဲ့သားက ယောက်ျားအချင်းချင်းကြိုက်ပြီး မဖွယ်မရာတွေဖြစ်နေပါတယ်ဆိုတဲ့အချက်နဲ့ ငါ့ရဲ့ပြိုင်ဘက်တွေက ငါ့ကိုထိုးချသွားမှာကွ မင်းနားလည်လား။
မင်းကိုယ်မင်းရောသေချာပြန်စဉ်းစားကြည့်ရဲ့လား ဒီလုပ်ရပ်က လုပ်သင့်ရဲ့လား မလုပ်သင့်ဘူးလားဆိုတာကိုလေ။
ငါသင်ပေးထားတဲ့ပညာတွေ မြောင်းထဲလွှင့်ပစ်လိုက်တာလား။
ဘာဆင်ခြေမှထပ်မကြားချင်ဘူး နောက်လရွေးကောက်ပွဲမတိုင်ခင် မင်းကို လွှတ်တော်အမတ်တစ်ယောက်ရဲ့သမီးနဲ့စေ့စပ်ပေးမယ်။
YOU ARE READING
Blessed-Cursed
Terrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...