( Warning:ဒီအပိုင်းမှာ ဇာတ်လမ်းသဘောအရ အသက်မပြည့်သေးတဲ့ကလေးတွေမတရားခံရတဲ့အကြောင်းလေးအနည်းငယ်ပါတာမို့ ကြိုပြီးတောင်းပန်ထားချင်ပါတယ်ရှင့်)
" ကျောင်းအုပ်ကြီးက ဘာလို့ ကလေးတွေအခန်းကိုခိုးကြောင်ခိုးဝှက်ဝင်သွားရတာလဲ။
ဘယ်လောက်ပဲကျောင်းအုပ်ဖြစ်ပါစေ မိန်းကလေးတွေအခန်းထဲ ညဘက်ကြီးဝင်လို့မသင့်တော်ဘူးလေ လူအိပ်ချိန်ကြီးကို။
နောက်ပြီးတော့ အခန်းထဲလူဝင်လာရင် ကလေးတွေက မသိကြဘူးလား ဒါမှမဟုတ် ကျောင်းအုပ်ကြီးမို့ သူတို့စိတ်ထဲ ချစ်ကြောက်ရိုသေပြီး သူတို့ကိုအန္တရာယ်မပြုလောက်ဘူးလို့တွေးတာများလား "
ကျွန်တော့်အတွေးကိုပြောပြတော့ နီခီက ခေါင်းခါသည်။
" နေ့လည်က ဆရာမက ကလေးမလေးတစ်ယောက်ကိုပြောနေတာ ဆောနူးစံလည်းကြားတယ်မလား
အမဲသားကျွေးတဲ့နေ့ဆို လူတစ်ယောက်ပျောက်တယ်ဆိုတာလေ အမဲသားကိုမစားဖို့လည်းတိုက်တွန်းတာ ဘာကြောင့်လို့ထင်လဲ "" ဆေးခတ်ထားတာလား "
" အင်း ကျွန်တော်လည်းအဲလိုထင်တယ် သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲတော့မသိပေမယ့် အခုစောင့်ကြည့်ရမှာပေါ့ "
ခဏအကြာမှာ ကျောင်းအုပ်ကြီးက ကလေးတစ်ယောက်ကို ပခုံးပေါ်မှာထမ်းခေါ်လာပြီး လှေကားအတိုင်းပြန်ဆင်းလာသည်။
သီချင်းတအေးအေးနဲ့တက်ကြွစွာလျှောက်လှမ်းနေတဲ့ပုံစံက သူ့ကိုဘယ်သူမှ မိမှာမဟုတ်ဘူးဆိုတာကိုယုံကြည်ချက်တွေနဲ့ပြည့်နေသည့်ပုံစံဖြစ်သည်။ကျောင်းအုပ်ကအသွင်အပြင်ထင်ရှားနေတာမို့ အပြင်လောကမှာသေပြီးသားလူဖြစ်မှန်းတော့သေချာသည်။
အစ်မဆာကူရာပြောတဲ့ ကျောင်းအုပ်ကသတ်သေတယ်ဆိုတဲ့စကားကိုပြန်သတိသွားတော့ အခုပုံစံနဲ့ကွဲလွဲနေတာကိုသတိထားမိလိုက်သည်။
အခုမျက်စိရှေ့မှာမြင်နေရတဲ့ ကျောင်းအုပ်ကတော့ ယုံကြည်မှုလွန်ကဲနေတဲ့ပုံစံကြီးမို့ ကိုယ်ကိုယ်ကိုယ်သတ်သေစရာအကြောင်းရှိမည်မထင်ပေ။ကျွန်တော်တို့လည်း သူနဲ့မလှမ်းမကမ်းကနေ အသံမထွက်အောင်နောက်ယောင်ခံလိုက်သွားကြသည်။
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...