1.ကောင်းချီးပေလား ကျိန်စာလား

2.3K 111 19
                                    

လောကကြီးထဲမှာရှင်သန်နေကြတဲ့လူများစွာထဲကမှ ကောင်းကင်ဘုံ ရဲ့ကောင်းချီးပေးမှုကိုလက်ခံရရှိတဲ့သူဆိုတာ လက်ချိုးရေတွက်နိုင်လောက်အောင် ရှားပါးလွန်းတယ်။

ကံကောင်းစွာနဲ့ပဲ ကျွန်တော်ကင်ဆောနူးက ကောင်းကင်ဘုံရဲ့ကောင်းချီးကိုလက်ခံရရှိတဲ့အနည်းငယ်သောသူတွေထဲကတစ်ယောက်ဖြစ်ခဲ့တယ်

ကံဆိုးစွာနဲ့ပဲ ကျွန်တော်လက်ခံရရှိတဲ့ကောင်းချီးက မကျွတ်မလွတ်တဲ့သရဲတစ္ဆေတွေကို မြင်နိုင်တဲ့အစွမ်းဖြစ်နေခဲ့တယ်။

လမ်းတွေပေါ်မှာ လမ်းကြားတွေထဲမှာ အိမ်တွေမှာ နေရာအနှံ့မှာ ဥဒဟိုလျှောက်သွားနေတဲ့ တစ္ဆေသရဲတွေဝိဉာဥ်တွေကိုမြင်နေရတာ စိတ်ခြောက်ခြားစရာကောင်းလွန်းလို့ ကောင်းချီးပေးခံရတာလား ​ကျိန်စာတိုက်ခံထားရတာလားမဝေခွဲနိုင်စွာနဲ့ ကောင်းကင်ဘုံကို အရွဲ့တိုက်အော်ဆဲမိတဲ့နေ့ရက်တွေမနည်းခဲ့ပါဘူး။

ကံကောင်းစွာနဲ့ပဲ ကျွန်တော်နဲ့ဘဝတူ ဂျပန်ဘုန်းတော်ကြီးတစ်ပါးနဲ့ဆုံခဲ့ရတယ်။
ကျွန်တော့်ရဲ့အစွမ်းတွေကို အသုံးချပြီးး လုပ်ရမယ့်တာဝန်တွေအကြောင်း လမ်းညွှန်ပေးခဲ့ပြီး တာဝန်တွေပြီးဆုံးချိန်မှာ ဒီအစွမ်းတွေက ပျောက်ကွယ်သွားကာ သာမန်လူတစ်ယောက်လိုပြန်နေနိုင်မည်ဖြစ်ကြောင်းသိခဲ့ရတယ်။

ကံဆိုးစွာနဲ့ပဲ ကျွန်တော့်အစွမ်းတွေကိုအသုံးချပြီးလုပ်ရမယ့်တာဝန်တွေဆိုတာက သေမင်းတောင် ဝိဉာဥ်မကောက်နိုင်လောက်အောင် အစွဲအလမ်းကြီးတဲ့ဝိဉာဥ်တွေ၊ မတရားခံရပြီးသေဆုံးသွားပြီးတဲ့နောက် အငြိုးအတေးကြီးပြီး ဘဝမကူးနိုင်တဲ့တစ္ဆေသရဲတွေကို ကျွတ်လွတ်အောင်လုပ်ပေးရမယ့်တာဝန်ဖြစ်နေခဲ့တယ်။

ကံကောင်းစွာနဲ့ပဲ ကျွန်တော့်ဆရာဂျပန်ဘုန်းတော်ကြီးကစည်းကမ်းချက်တွေနဲ့ သရဲတစ္ဆေတွေအကြောင်း အနီးကပ် သင်ကြားပို့ချပေးပြီး အငြိုးကြီး တစ္ဆေသရဲ​တွေကို ကျွတ်လွတ်အောင်လုပ်​​ပေးတဲ့တာဝန်ကို ကျွန်တော်နဲ့အတူ ကူညီလုပ်ဆောင်ပေးတယ်။

ကံဆိုးစွာနဲ့ပဲ ကျွန်တော့်ဆရာက ထူးဆန်းစွာ ရုတ်တရက် သေဆုံးသွားခဲ့တာမို့ ဒီတာဝန်ကိုကျွန်တော်တစ်ယောက်တည်းဆက်လုပ်ဖို့ ဖြစ်လာခဲ့တယ်။

Blessed-Cursed Where stories live. Discover now