သူ့မျက်စိရှေ့မှာ ဒူးထောက်ချပြီး ဘာမှမပြောနိုင်ဘဲ မျက်ရည်တွေပဲကျနေတဲ့ကျွန်တော့်ကို ဂူမီဟိုလေးက သေချာကြည့်ပြီးနောက် ကျောခိုင်းလှည့်ထွက်သွားဖို့ပြင်လိုက်သည်။
" ဂျယ်ယွန်း "
အလျင်စလိုမဟုတ်ဘဲ အလွမ်းတွေနူးညံ့စွာပျော်ဝင်နေတဲ့အသံနဲ့ တုန်ရီစွာခေါ်လိုက်တော့ ထွက်သွားဖို့ပြင်နေတဲ့ခြေလှမ်းတို့က တုံ့ခနဲ ရပ်တန့်သွားပြီးနောက် ပတ်ဝန်းကျင်မှာ လေအေးများတိုက်ခတ်ကာ ရုတ်တရက် မိုးတွေရွာချတော့သည်။
ကိုယ့်ရဲ့ဂူမီဟိုလေး ငိုနေပြီ။
" ဂျယ်ယွန်း ကိုယ်တောင်းပန်ပါတယ် မင်းကို မင်းမလိုချင်တဲ့ဘဝမျိုးမှာ ရှင်သန်စေခဲ့မိလို့ ကိုယ်တကယ်ကိုတောင်းပန်ပါတယ်။
ကိုယ်အဖြစ်မှန်တွေကိုသိခဲ့ရတာသိပ်မကြာသေးပါဘူး
အခုမှလာရှာရတာလည်း အခုမှပဲ ဒီထဲကိုဝင်ခွင့်ရမယ့်အခွင့်အရေး ရှိလာတာကြောင့်ပါ။ကိုယ်နောက်ကျသွားလို့တောင်းပန်ပါတယ်
ကိုယ့်ကိုခွင့်လွှတ်နိုင်သေးရဲ့လားဟင်
ကိုယ်မင်းကိုသိပ်ကိုလွမ်းနေခဲ့တာ ။"စကားအဆုံးမှာ ပတ်ဝန်းကျင်က ခဏတာငြိမ်သက်သွားပြီးနောက် မျက်စိရှေ့က အဖြူရောင်ဂူမီဟိုသဏ္ဍာန်လေးဟာ တဖြည်းဖြည်းနဲ့ လူသားအသွင်ကိုပြောင်းလဲသွားတော့သည်။
ထို့နောက် ဒူးထောက်နေတဲ့ကျွန်တော့်ရင်ခွင်ထဲပြေးဝင်လာတာကြောင့် ထပ်ပြီး လက်လွတ်ရမှာကြောက်တဲ့စိတ်နဲ့ တင်းကြပ်စွာဆွဲပွေ့လိုက်မိသည်။
အခုမှ ရင်ခွင်ငယ်က သူ့ပိုင်ရှင်အမှန်ကိုရှာတွေ့သွားသလိုမျိုး အရာရာအားလုံးက အရင်အတိုင်း ကိုက်ညီစွာထပ်တူကျလျက် လူမှန်နေရာမှန် ဖြစ်သွားပြီဟုဆိုနိုင်ပေမည်။ကျွန်တော့်ကိုဖက်ထားပြီးငိုနေရင်းမှ ကျောပြင်ပေါ်ကျလာတဲ့ လက်သီးဆုပ်ကလေးတွေကြောင့်ပြုံးလိုက်မိသေးသည်။
သိပ်ချစ်တာပဲ ဂျယ်ယွန်းရယ်..
" လူဆိုးကောင် ဘာလို့ အားလုံးကို ခင်ဗျား သဘောအတိုင်းလုပ်သွားရတာလဲ
ဘာလို့ ကျွန်တော့်ကို နည်းနည်းလေးတောင်မတိုင်ပင်ခဲ့တာလဲ
ခင်ဗျားခန္ဓာကိုယ်ကိုစတေးလိုက်ဖို့ကိစ္စကြီးကို နည်းနည်းလေးလောက်တွေဝေပြီး အချိန်ယူပါဦးလား
ကျွန်တော့်စကားကိုမယုံဘဲ ဘာလို့ဘေးလူစကားကိုယုံရတာလဲ
ခင်ဗျားမရှိဘဲ ထာဝရရှင်သန်ရမှာကိုတွေးကြည့်မိတိုင်းကျွန်တော် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ဘယ်နှခါတောင်ကြိုးစားခဲ့လဲသိလား
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...