Arc (2-4) ၆လွှာက 콩콩귀신

673 90 3
                                    

အချိန်ပိုပြီးလို့ ညနေ၆နာရီလောက် အိမ်ပြန်မယ်ပြင်လိုက်ပေမယ့် Hanni က မပြန်သေးဘဲ နောက်ထပ်နာရီဝက်လောက် နေခဲ့ပြီး တွက်လက်စပုစ္ဆာတွေ ပြီးမှပဲပြန်မည်လို့ဆိုလာသဖြင့် Hanni တစ်ယောက်တည်းကျန်နေမှာစိုးတာကြောင့် မင်ဂျီလည်း driver ဦးလေးကြီးကို စောင့်နေပေးဖို့ဖုန်းဆက်လိုက်ပြီး Hanni ကိုအဖော်ပြုရင်းစာဆက်လုပ်နေလိုက်သည်။

ကျန်တဲ့သူတွေက ပြန်သွားပြီဖြစ်လို့ ကျောင်းခန်းထဲမှာ နှစ်ယောက်တည်းကျန်နေခဲ့သည်။
ရုံးခန်းထဲမှာရှိနေတဲ့ဆရာမရယ် ကျောင်းဂိတ်ဝမှာစောင့်နေတဲ့ ကျောင်းစောင့်ဦးလေးရယ်ဆိုရင်တော့ တစ်ကျောင်းလုံးမှာ ၄ယောက်ပေါ့။

စာလုပ်နေရင်း piano တီးသံကြားလိုက်ရသည်။
အစကတော့
Hanni ဖုန်းက သီချင်းဖွင့်ထားတာများလားလို့တွေးလိုက်ပေမယ့် Hanni က ရုတ်တရက်
" မင်ဂျီ သီချင်းဖွင့်ထားတာလား " ဟု မေးလာသည်။

သီချင်းဖွင့်ထားတာမဟုတ်ကြောင်း Hanni ကို ပြန်ပြောရင်းနဲ့ piano သံကိုနားထောင်ကြည့်လိုက်တော့ ကြားဖူးနေကျ နာမည်ကြီးသီချင်းတစ်ပုဒ်ကိုတီးနေကြောင်းသိလိုက်ရသည်။
Big Bang ရဲ့ Haru Haru....

သီချင်းကိုသိသွားတော့နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။

နေ့လည်ကမှဆရာမပြောတဲ့ဇာတ်လမ်းထဲမှာ သေဆုံးသွားတဲ့ကျောင်းသူလေးက piano တီးပြီးသီချင်းဆိုရတာကြိုက်တတ်ပြီး အကြိုက်ဆုံးသီချင်းက Big Bangရဲ့ Haru Haru. ဖြစ်ကြောင်းကြားခဲ့ရတာမဟုတ်လား။

အခုလိုတစ်ခန်းလုံးမှာ ၂ ယောက်တည်းရှိနေပြီး တိတ်ဆိတ်နေတဲ့ညနေစောင်းအချိန်မို့ ကြားရတဲ့piano သံက ခြောက်ခြားစရာကောင်းနေသည်။

" စာအုပ်တွေမြန်မြန်သိမ်းလိုက်တော့ ပြန်ရအောင် "

နှစ်ယောက်သားစာအုပ်တွေသိမ်းလိုက်ပြီး ပြန်ဖို့ပြင်နေစဥ်မှာပင်  piano သံ ရပ်သွားပြီး ထူးဆန်းသောအသံကြီးတစ်ခုကြားလိုက်ရသည်။

" ခုံ ခုံ ခုံ "

ကြမ်းပြင်ကိုတစ်ခုခုနဲ့ရိုက်ခတ်နေသံကြီးဖြစ်မည် ဟုတွေးလိုက်မိချိန်မှာ ဆောနူးအိုပါးသတိပေးခဲ့တာကိုပြန်ပြီးသတိရလာသည်။
အခုအချိန်စာသင်ခန်းအပြင်ထွက်ပြေးရင် ထိုတစ္ဆေနဲ့တည့်တည့်တိုးနိုင်တာကြောင့် အိုပါးပြောသလို စာသင်ခုံအောက်မှာပဲမျက်စိကိုမှိတ် အသက်ကိုသတိထားရှူရင်း ပုန်းနေဖို့သာဆုံးဖြတ်လိုက်သည်။

Blessed-Cursed Where stories live. Discover now