Arc (1-1) ဖယောင်းပြတိုက်ထဲကအချစ်ကြီးတဲ့ 상사귀

885 89 4
                                    


အချစ်နာကျတဲ့သရဲ 상사귀(ဆာန်းဆာဂွီီ)

ဆိုတာကတော့ အချစ်ရေးမှာ နောင်တတွေတပွေ့တပိုက်နဲ့လောကကြီးကနေထွက်သွားကြရတဲ့သူတွေကနေဖြစ်လာတဲ့သရဲဖြစ်ပါတယ်

သူတို့ရှင်သန်စဥ်ကမပြည့်ဝခဲ့တဲ့ဆန္ဒတွေ၊ အချစ်နဲ့လွမ်းဆွတ်မှုတွေကြောင့် ဘဝမကူးနိုင်ဘဲ တစ္ဆေသရဲအဖြစ်နဲ့ပြန်လာခဲ့ကြသူတွေတဲ့လေ။

သူတို့ရှင်သန်စဥ်က ချစ်သူရည်းစားတွေကို အထူးသဖြင့်ခြောက်လှန့်တတ်ကြပြီး တစ်ချို့ဆို သူတို့ချစ်သူကို သူတို့နဲ့အတူဒီလောကထဲကနေခေါ်ထုတ်သွားဖို့ကြိုးပမ်းတတ်ကြတဲ့တစ္ဆေတွေပါပဲ.......
(ref:google)

" ဆောနူး ငါ့မှာ နာမည်ကြီး ဖယောင်းရုပ်ထုဆရာမရဲ့ ဖယောင်းရုပ်တု ပြပွဲလက်မှတ်ရထားတယ်

ဒီတစ်ပတ်ပိတ်ရက်သွားကြမလား

လက်မှတ်ကရဖို့တအားခက်တာနော် အဲ့ဆရာမလက်ရာတွေကနာမည်ကြီးပဲ Madame Tussaud ပြတိုက်ကတောင် အဲ့ဆရာမကိုသူတို့နဲ့လက်တွဲလုပ်ပေးဖို့ငှားရတဲ့အထိတော်တာ။

ဂျိုဆွန်းမင်းဆက်ဖယောင်းရုပ်ထုတွေကြောင့်နိုင်ငံတော်က ဆုတံဆိပ်ချီးမြှင့်ထားသေးတယ်။

နောက်ပြီး သူ့ရဲ့နောက်ထပ် project ဖြစ်တဲ့ အနုပညာရှင်ဆယ်လီတွေရဲ့ ပုံတူ ဖယောင်းပြတိုက် project မှာ သူနဲ့အတူလက်တွဲလုပ်ဖို့ ရွှံစေးပန်းပုပညာရှင်တွေကိုဖိတ်ခေါ်ထားတာလေ။

အဲဒီ့project မှာ ငါလည်း လျှောက်ထားတာဆိုတော့ ကိုယ်နဲ့ အတူတူလက်တွဲလုပ်ရမယ့် ပညာရှင်ရဲ့ပြပွဲကိုသွားကိုသွားရမယ်။
အဲဒါ နင်လည်းစိတ်ပြေလက်ပျောက်ဖြစ်အောင် အနုပညာလက်ရာလေးခံစားရင်းလိုက်ခဲ့ပေးဦးနော် နော်လို့။

(Madame Tussaud ဖယောင်းရုပ်ပြတိုက်ဆိုတာ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ပုံစံတူ အတိုင်း ဖယောင်းရုပ်ထုပြီး ပြထားတဲ့ပြတိုက်ကြီးပါ)

အစ်မဖြစ်သူ ကင်ချယ်ဝန်းစကားကို ဆောနူး

နှစ်ခါမစဥ်းစားဘဲ ငြင်းပယ်လိုက်သည်။

"ဟာ မလိုက်ချင်ပါဘူး မမရယ် ငါ့အကြောင်းလည်းနင်သိရဲ့သားနဲ့
ဒီတိုင်းတောင်ငါ့မှာနေ့နေ့ညည မမြင်သင့်မမြင်အပ်တာတွေမြင်နေရလို့စိတ်ညစ်နေပါတယ်ဆို

Blessed-Cursed Where stories live. Discover now